လသာ သြဂုတ် ၂၇
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့အတွင်းရှိ စားသောက်ဆိုင်များ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ သတ်မှတ် စည်းကမ်းချက် များနှင့်အညီ စနစ်တကျ ဖွင့်လှစ်ရောင်းချခြင်းရှိ/မရှိ စစ်ဆေး ခြင်းကို ယမန်နေ့ နံနက်(၁၀) နာရီအချိန်က ရှောင်တခင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ခွဲစည်ပင် သာယာရေးကော်မတီအဖွဲ့ဝင် များ၊ ဝန်ထမ်း များ၊ မြို့အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက စားသောက် ဆိုင်များတွင် လက်ဆေးဘေစင်များ၊ လက်သန့်ဆေးရည်များ ထားရှိခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ စားသောက်ဆိုင်ပိုင်ရှင်များ နှာခေါင်းစည်း တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် ဆိုင်ထိုင် စားသုံးသူများအား(၃)ပေအကွာ နေရာ ထိုင်ခင်းများ စီစဉ်ထားရှိခြင်း ရှိ/မရှိတို့ကို ရှောင်တခင် ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။
မေသူ(ပြန်/ဆက်)