ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် နောင်ချိုမြို့၌ ကျန်းမာရေးစစ်ဆေးရေးဂိတ်အား ပြန်လည်ဖွင့်လှစ်ပြီး ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်

နောင်ချို    သြဂုတ်   ၂၇

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန် ညွှန်ကြားချက် များနှင့်အညီ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အဝင် (OHC) တိုးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး စစ်ဆေး ရေးဂိတ်အား ယမန်နေ့ နံနက်ပိုင်းက စတင်၍ ပြန်လည်ဖွင့်လှစ်ပြီး ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး စစ်ဆေးရေးဂိတ်တွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပုဂ္ဂလိက ယာဉ်လိုင်းကြီးကြပ်ရေးကော်မတီဝင်များ ပူးပေါင်း၍ မြို့နယ်အတွင်း ဖြတ်သန်းသွား လာ နေသော ခရီးသွား ပြည်သူများအား ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ အပြင်ထွက်တိုင်း နှာခေါင်းစည်း(Mask) တပ်ဆင်စေခြင်း၊ ခရီးသွားမှတ်တမ်းများ ကောက်ယူခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ထွေးငယ် (နောင်ချို၊ ပြန်/ဆက်)