သတင်းများ

ညောင်ဦးမြို့၌ Quarantine ထားရှိသူများမှ စစ်ဆေးရန်ကျန်ရှိသည့် စောင့်ကြည့်လူခြောက်ဦး၏ Swab များအား မန္တလေးမြို့သို့ ပို့ဆောင်စစ်ဆေး
Aug 27,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ ကုတင် -၂၅ ဆံ တိုင်းရင်းဆေးရုံ၌ Quarantine ထားရှိသူများမှ Swab စစ်ဆေးရန် ကျန်ရှိသည့်စောင့်ကြည့်လူ ခြောက်ဦး၏ နှာတို့ဖတ်၊ အာခေါင်တို့ဖက်တို့အား ယမန်နေ့နံနက် (၈) နာရီခွဲအချိန်က မန္တလေးမြို့သို့ စစ်ဆေးနိုင်ရန် ပို့ဆောင်ပေးခဲ့ကြောင်း ညောင်ဦးမြို့ သဘာဝဘေးအန္တရာယ်နှင့် လူမှုကူညီစောင့်ရှောက်ရေးအဖွဲ့ချုပ် ပရဟိတအသင်းများထံမှ သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိရေး အိမ်တိုင်ရာရောက် စနစ်တကျ လိုက်လံစစ်ဆေးဆောင်ရွက်ပေး
Aug 27,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပ ပြုလုပ်မည် ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ဆန္ဒမဲပေးပိုင် ခွင့်ရှိသူ မဲဆန္ဒရှင်များ၏ မဲစာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် ယမန်နေ့ နံနက်ပိုင်းမှ စ၍ မြို့နယ်ရပ်ကွက် အတွင်းရှိ မဲဆန္ဒရှင်စာရင်းများအား မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ရပ်ကွက်များအလိုက် အိမ်တိုင်ရာရောက် လိုက်လံစစ်ဆေး ဆောင်ရွက်ပေးလျက်ရှိသည်။
မြန်အောင်၌ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
Aug 27,2020
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၂ နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းပန်မြို့၌ Quarantine Centre ဝင်ရောက်မည့် နေရပ်ပြန်ပြည်သူများအတွက် “နမ့်ခုံး” ရှမ်းများ ပရဟိတ အသင်းမှ တစ်ကိုယ်ရေသုံးပစ္စည်းများလှူဒါန်း
Aug 27,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ တောင်ကြီးမြို့ "နမ့်ခုံး" ရှမ်းများ ပရဟိတအသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က Quarantine Center တွင် ဝင်ရောက်မည့် နေရပ်ပြန်ပြည်သူများနှင့် "နမ့်ခုံး" ရှမ်းများ ပရဟိတ မိုင်းပန်အသင်းခွဲအတွက် COVID-19 ရောဂါစောင့်ရှောက်ကာကွယ်ရေးအတွက် ပစ္စည်း များအား ဩဂုတ်လ(၂၆)ရက်နေ့ ညနေ ၄ နာရီအချိန်က မွေတော်‌စာသင်တိုက်၌ လာ‌ရောက် ပေးအပ် လှူဒါန်း ခဲ့ကြောင်း သိရသည်။
တောင်သာမြို့နယ်၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား မျိုးစေ့ဘိုးနှင့် အပင်ပြုစုခြင်းလုပ်အားခ ထောက်ပံ့ငွေများပေးအပ်
Aug 27,2020
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် ကိုဗစ်-၁၉ ကာလ CERP စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ၂၀၁၉-၂၀၂၀ ခုနှစ် မိုးစပါး မျိုးစေ့ထုတ်လုပ်ငန်းဆောင်ရွက်မည့် တစ်မိုက်သာကျေးရွာနှင့် ပုဒါတ်စာကုန်းကျေးရွာမှ (၅၄) ဦး၊ (၇၃ဒသမ၅၀) ဧကတို့အား မျိုးစေ့ဘိုးနှင့် အပင်ပြုစုခြင်း လုပ်အားခ ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
မအူပင်မြို့နယ်၌ ငါးမွေးတောင်သူများအား ငါးသားပေါက်ကောင်ရေ (၃၀၀၀၀၀) ထောက်ပံ့ပေးအပ်
Aug 27,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် မအူပင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန အောင်ဟိတ် ငါးလုပ်ငန်း စခန်းမှ Covid-19 Economic Relief Plan ၏ Action Plan အရ ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံပေးခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီတွင် အောင်ဟိတ်ငါးလုပ်ငန်းစခန်း၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
တာချီလိတ်မြို့တွင် ဆုံဆို့နာရောဂါကာကွယ်ဆေး ဖြည့်စွက်ထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်ရန်ဆွေးနွေး
Aug 27,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ခရိုင်ပြည်သူ့ဆေးရုံဟောင်းဝင်းတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆုံဆို့နာရောဂါ ကာကွယ်ဆေးဖြည့်စွက် ထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် ဆွေးနွေးမှုများကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
နွားထိုးကြီးမြို့တွင် သနပ်ခါးအမည်ခံအလှကုန်ပစ္စည်းနှင့် Nestle အမှတ်တံဆိပ်မိခင်နို့အစားထိုး စားသောက်ကုန်များတွင် မြန်မာစာအညွှန်းပြည့်စုံမှု ရှိ/မရှိကွင်းဆင်းစစ်ဆေး
Aug 27,2020
နွားထိုးကြီးမြို့အတွင်းရှိ စားသုံးသူပြည်သူများစားသုံးရန်မသင့်သည့် စားသောက်ကုန်ပစ္စည်းများနှင့် သုံးစွဲရန်မသင့်သည့်လူသုံးကုန်ပစ္စည်းများ ရောင်ချမှုမရှိစေရေးအတွက် ယနေ့ မွန်းလွဲ ၂ နာရီက နွားထိုးကြီးမြို့ပေါ်ရှိကုန်စုံဆိုင်များအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။