သတင်းများ

ကလေးမြို့၌ ၂၀၂၀ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 27,2020
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့သည်။
ဝေါလေမြိုင်မြို့၌ ဆင်းရွှေကြာ-၂ နေကြာမျိုး စမ်းသပ်စိုက်ခင်းရိတ်သိမ်းခြင်းဆောင်ရွက်
Aug 27,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူဦးစိုးပိုင်၏တောင်ယာ၌ စမ်းသပ်စိုက်ပျိုးထားသော ဆင်းရွှေကြာ-၂ နေကြာမျိုး စမ်းသပ်စိုက်ခင်းရိတ်သိမ်းခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းယန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ မြို့အဝင်/အထွက် ဂိတ်များတွင် ဆက်လက်ဆောင်ရွက်
Aug 27,2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရေးအတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို မြို့အဝင်/အထွက် စုပေါင်းဂိတ်၌ ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်၌ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေး
Aug 27,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ယမန်နေ့ နံနက် ၁၁ နာရီတွင် ပျဉ်ထောင်စု ကျေးရွာအုပ်စုရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)သို့ ကွင်းဆင်းသွား‌ရောက်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့‌ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် Mask များတပ်ဆင်အသုံးပြုရန် အရှိန်မြှင့်တင်ဆောင်ရွက်
Aug 27,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ မဖြစ်ပေါ်စေရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွန်ကြားချက်နှင့်အညီ ပြည်သူများအား မဖြစ်မနေလိုက်နာဆောင်ရွက်ရန်အတွက် ပြည်သူများအား အသိပညာပေးဆောင်ရွက်သည့်လုပ်ငန်းကို ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့ လူသွားလူလာများသောနေရာများတွင် ဆောင်ရွက်ခဲ့သည်။
တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် သွေးလွန်တုပ်ကွေးကာကွယ်ရေး ခြင်ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်
Aug 27,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် သွေးလွန်တုပ်ကွေးလူနာ တွေ့ရှိသည့် အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် ခြင်ဆေးဖြန်းခြင်း လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက် ခဲ့ကြောင်း ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မိုးမိတ်မြို့တွင် အာဖရိကဝက်အပြင်းဖျားရောဂါမှ ကာကွယ်နိုင်ရေးအတွက် နာမကျန်းဝက်များမှ အသားများရောင်းချခြင်း မရှိစေရေး အသိပညာပေး
Aug 27,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့ ဟင်းသီးဟင်းရွက်နှင့် သားငါးယာယီဈေးတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာမြင့်ဇော်နှင့် ဝန်ထမ်းများက အာဖရိက ဝက်အပြင်းဖျားရောဂါမှ ကြိုတင်ကာကွယ်နိုင်ရေး နာမကျန်းဝက်များမှ အသားများရောင်းချခြင်း မရှိစေရေးအတွက် အသိပညာပေးခြင်းကို ယနေ့နံနက် ၇ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇလွန်မြို့မ​ဈေးသစ်၌ ​​ဈေး​ရောင်းဝယ်သူများ Mask တပ်ဆင်မှု ရှိ ၊ မရှိ နေ့စဉ်စစ်ဆေးခြင်းများ ဆောင်ရွက်
Aug 27,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင်​ မြို့မစျေးသစ်တွင် ကိုဗစ်-၁၉ ​ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဈေး​ရောင်း/ဝယ်ကြ သူများတွင် Mask တပ်ဆင်မှု ရှိ၊ မရှိကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများမှ နေ့စဉ်စစ်​ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။