ပင်းတယမြို့အဝင်နေရာများ၌ COVID-19 ရောဂါ စစ်ဆေးရေးဂိတ်များ ပြန်လည်ဖွင့်လှစ်

ပင်းတယ    ဩဂုတ်    ၂၇

ရှမ်းပြည်(တောင်ပိုင်း)ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့အဝင်နေရာများ၌ ဧပြီ လကုန်ပိုင်းမှစတင်၍ ရပ်နားထားခဲ့သည့် COVID-19 ရောဂါစစ်ဆေးရေးဂိတ်များကို ယနေ့  နံနက်ပိုင်းမှ စတင်၍ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပင်းတယမြို့အဝင် စစ်ဆေးရေးဂိတ်များအဖြစ် ပင်းတယ-အောင်ပန်း ကားလမ်းမ၊ ပင်းတယမြို့အဝင်ဂိတ်၊ ပင်းတယ-ဟဲဟိုး-ဘော်ဆိုင်း သွားကမ်းမ ရွာငယ်ရပ်ကွက်ရှိ ပင်းတယ မြို့အဝင်ဂိတ် စသည့် မြို့အဝင်ဂိတ်နှစ်ခုတွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးမှူး တစ်ဦးစီကြီးကြပ်ဆောင်ရွက်စေလျက် မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့များ ၊ Volunteer များ၊ အရပ်ဖက်လူမှုကူညီရေးအဖွဲ့များနှင့် တာဝန်သိပြည်သူများ ပူးပေါင်း၍ မြို့အဝင် မှတ်တမ်းကောက်ယူခြင်း၊ ကိုယ်ပူချိန်တိုင်းခြင်းများအပြင် နှာခေါင်းစည်းများတပ်ရန် လက်ဆေး ရန် စသည့်ကာကွယ်တားဆီးရေးလုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများကို အရှိန်ဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ခင်မျိုးနွယ်(ပင်းတယ)