ဖျာပုံ ဩဂုတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ခနောင်ရှမ်းကွင်းကျေးရွာတွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်များ၏ မဲစာရင်းတွင် ကိုင်ဆောင်လက်မှတ်အမှတ် ဖြည့်သွင်းခြင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရရှိသေးသူများအား မှတ်ပုံတင် ကိုင်ဆောင် ရရှိရေးကို မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရုံးမှလက်ထောက် လဝကမှူး ဦးဇော်နိုင် နှင့် ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ ခနောင်ရှမ်းကွင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ပြုလုပ်ပေးခဲ့သည်။
ထိုသို့ ပြုလုပ်ပေးရာတွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များ နှင့်အညီ ကော်မရှင်မဲစာရင်းတွင် အမည်ပါပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြား မရှိသူများအား ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှလှနွယ်(ခရိုင်ပြန်/ဆက်)