သတင်းများ

ပွင့်ဖြူမြို့နယ်တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Aug 27,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး (CPU)အဖွဲ့မှ ကြီးမှူးကျင်းပသည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် အသိပညာပေး ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။
စလင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး
Aug 27,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ယခင်နှစ် စိုက်ပျိုးစရိတ်ချေးငွေ ပြန်လည်ပေးသွင်းသူ ဒါးဆွယ်ကန်ကျေးရွာအုပ်စုနှင့် သရက်ကုန်းကျေးရွာအုပ်စုမှ တောင်သူများအား ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ချေးငွေထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မြို့သစ်မြို စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများ စိုက်ပျိုးပညာပေး သင်တန်းဖွင့်လှစ်ပေး
Aug 27,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် စိုက်ပျိုးရေးဦးစီးဌာနကကြီးမှူး၍ တောင်သူများ ခေတ်မီနည်းပညာများ လက်လှမ်းမီစေရန်နှင့် စိုက်ပျိုးထုတ်လုပ်မှု အထောက်အကူဖြစ်စေသည့် နည်းပညာပြန့်ပွားစေရန် တောင်သူများစိုက်ပျိုးပညာပေးသင်တန်းကို မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်နယ်စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်းခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။
သာပေါင်းမြို့နယ် ကော်မရှင်အဖွဲ့ခွဲမှ သမင်ကုန်း၊ လင်းတာကျ ကျေးရွာအုပ်စုများရှိ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆက်လက်ဆောင်ရွက်
Aug 27,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကော်မရှင်အဖွဲ့ခွဲမှ သမင်ကုန်း၊ လင်းတာကျ ကျေးရွာအုပ်စုများရှိ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က စတင်ဆောင်ရွက်ခဲ့ကြသည်။
မင်းလှမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆက်လက်ဆောင်ရွက်
Aug 27,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့်ပတ်သက်၍ သိရှိစေရန် ရည်ရွယ်ချက်ဖြင့် မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီက အမှတ်(၆)ရပ်ကွက်ဓမ္မာရုံနှင့် ဦးကင်းဓမ္မာရုံများတွင် ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။    
တောင်တွင်းကြီးမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် KG ကျောင်းသား/သူများအား ပထမအကြိမ် ကျောင်းတွင်းအာဟာရကျွေးမွေး
Aug 27,2025
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် KG ကျောင်းသား/သူများအား ပထမအကြိမ် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၁၁)နာရီအချိန်က တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျောင်းပေါင်း(၈)ကျောင်းတွင် တစ်ပြိုင်နက် ဆောင်ရွက်ခဲ့ကြသည်။
ညောင်ရွှေမြို့ လူထုအခြေပြုဗဟိုဌာန၌ လူမှုဝန်ထမ်းဦးစီးဌာနမှ MCCT အစီအစဉ် အသိပညာပေး သင်တန်းဖွင့်လှစ်
Aug 27,2025
ညောင်ရွှေမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှဆောင်ရွက်သည့် MCCT အစီအစဉ် အသိပညာပေးသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဩဂုတ်လ (၂၅) ရက်နေ့ နံနက်(၉)နာရီက ဖွင့်လှစ်ခဲ့သည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် အာဟာရအသိပညာပေး ဆင့်ပွာသင်တန်းအခမ်းအနားကျင်းပ
Aug 27,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် အာဟာရနှင့် ကျန်းမာရေးအမူအကျင့်ဆိုင်ရာ အသိပညာပေးဆင့်ပွားသင်တန်းအခမ်းအနားကို အမှတ် (၁၁) ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။