သတင်းများ

ဂန့်ဂေါမြို့တွင် မွေးဖွားခြင်းနှင့်သေဆုံးခြင်းဆိုင်ရာကိစ္စရပ်များ အသိပညာပေးဆွေးနွေး
Aug 27,2025
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ရပ်ကွက်၊ ကျေးရွာအုပ်စုအတွင်း နေထိုင်ကြသည့် ပြည်သူများ မွေးဖွားခြင်း၊ သေဆုံးခြင်းနှင့် အိမ်ထောင်စုပြောင်းရွှေ့ထွက်ခွာခြင်း၊ ပြောင်းရွှေ့ရောက်ရှိခြင်းဆိုင်ရာကိစ္စရပ်များကို သိရှိနားလည်စေရန်အတွက် ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဝင်း ဦးဆောင်သည့် ပူးပေါင်းအဖွဲ့များက မြို့ပေါ်ရပ်ကွက်များဖြစ်သည့် မြောက်ကုန်းရပ်ကွက်၊ စည်ပင်သာယာရပ်ကွက်၊ ကျောတိုက်ရပ်ကွက်နှင့် မြို့မရပ်ကွက်များသို့သွားရောက်၍ အသိပညာပေးဆွေးနွေးခဲ့ကြသည်။
တာလေမြို့၌ ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ
Aug 27,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြင့်တင်ရေးလုပ်ငန်းများနှင့် အများပြည်သူများ အသိဉာဏ်ပညာတိုးပွားရရှိစေရန် အသိပညာပြန့်ပွားရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် (၁၁)နာရီအချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းဆတ်ခရိုင် ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ အရုပ်ဆက်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Aug 27,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ယမန်နေ့ နေ့လယ်ပိုင်းက အရုပ်ဆက်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များ တွေ့ဆုံပွဲအခမ်းအနားတက်ရောက်
Aug 27,2025
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
တာချီလိတ်မြို့ အ.ထ.က(ခွဲ) ရန်အောင်မြေကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Aug 27,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရန်အောင်မြေတွင် ကျင်းပပြုလုပ်သည်။
တပ်ကုန်းမြို့နယ် ကျေးရွာအုပ်စု သုံးအုပ်စုမှ ပြည်သူများအား မြန်မာ့အီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်
Aug 27,2025
ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လမ်းညွှန်မှုဖြင့် တပ်ကုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျားသေအိုင်ကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ(KC)ခန်းမတွင် ကျင်းပခဲ့ရာ ကျားသေအိုင်၊ ရှောက်ကုန်း၊ နွယ်ရစ်ကျေးရွာအုပ်စုများမှ ပြည်သူများ တက်ရောက်ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ကန့်ဘလူခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံပွဲ အခမ်းအနားကျင်းပ
Aug 27,2025
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဩဂုတ် ၂၆ ရက်မွန်းလွဲပိုင်းက ကန့်ဘလူမြို့ ခရိုင်စုပေါင်းရုံး ရွှေဆည်မြိုင်ခန်းမ၌ ကန့်ဘလူခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မကွေးမြို့တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့်  ကျောင်းသား/သူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း အခမ်းအနားကျင်းပ
Aug 27,2025
မကွေးတိုင်းဒေသကြီး၊ မ‌ကွေးမြို့တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် ကျောင်းသား/သူများအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းကို မကွေးမြို့ အခြေခံပညာဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက အ.ထ.က(၂) အ‌ခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၀င် ၀န်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၀င် ၀န်ကြီးများနှင့်ဇနီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာ၀န်ရှိသူများ တက်ရောက်ကြည့်ရှုခဲ့သည်။