သတင်းများ

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တစ်နှစ်သုံးသီး သီနှံစိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Aug 27,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီးသို့ သွားရောက်ပြီး ပင်လောင်းလမ်းဆုံနှင့် အိုင်စောက်ကျေးရွာကြား လမ်းဘေးရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လမ်းဘေးရေမြောင်းများ၊ ချောင်းရိုးများ၊ ရေတံခါးများ၊ Box Culvert များတွင်အမှိုက်များ၊ ဒိုက်များပိတ်ဆို့မှုမရှိစေရေး အမြဲရှင်းလင်းဆောင်ရွက်ထားရန်မှာကြားသည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇေယျာသီရိမြို့နယ် ချောင်းကမ်းကြီးကျေးရွာသို့ သွားရောက်ပြီး ကျွန်းရောင်း-အိုင်စောက်-ပေါင်းလောင်း ရေထုတ်မြောင်းမှ ရေစီးဆင်းနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ရွှေတောင်မြို့နယ်တွင် မြေပြင်ကွင်းဆင်း တောင်သူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Aug 27,2025
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အပေါ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများမှ မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးထားရှိသည့် ကျေးရွာအုပ်စုများသို့ မြေပြင်ကွင်းဆင်း၍ တောင်သူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်၌ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန် “လူငယ်စကားဝိုင်း” ကျင်းပ
Aug 27,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ကျင်းပခဲ့ရာ ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်ခဲ့သည်။
မကွေးမြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 27,2025
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ အ.ထ.က(ခွဲ)ကန်သာကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ကျောင်း၀န်းအတွင်း ကျင်းပခဲ့သည်။
မိုင်းယုမြို့၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဗီဒီယိုပြသခြင်းနှင့် အသိပညာပေးဟောပြော
Aug 27,2025
မျက်မှောက်ကာလတွင် ဆက်သွယ်ရေးနည်းပညာများတိုးတက်လာမှုကို အခွင့်ကောင်းယူပြီး လိမ်လည်မှုဖြစ်စဉ်များ ကျူးလွန်နိုင်သဖြင့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာများကို သိရှိနိုင်ရေးအတွက် ဆင့်ပွားအသိပညာပေးဗီဒီယိုပြသခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မင်းဘူးမြို့ ခ.လ.ရ (၈၈)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ
Aug 27,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခ.လ.ရ (၈၈) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) တပ်မြေတို့ပူးပေါင်း၍ ကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း” ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
နောင်တရားမြို့၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု စည်ကားသိုက်မြိုက်စွာ ကျင်းပ
Aug 27,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ ကျေးလက်ကျန်းမာရေးဌာန၌ ပြည်သူ့ကျန်းမာရေးဌာနနှင့် ကလေးမိဘများ စုပေါင်း၍ ကလေးငယ်တိုင်း ကျန်းမာရေးနှင့်ညီညွတ်သည့် အာဟာရများစားသုံးနိုင်စေရေး၊ ပြုမှုနေထိုင်တက်စေရေးနှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုကို ယနေ့ နံနက်ပိုင်းတွင် စည်ကားသိုက် မြိုက်စွာကျင်းပသည်။
မင်းဘူးမြို့၌ အမှိုက်(၄)မျိုး ခွဲခြားစွန့်ပစ်စေရေး အမှိုက်ပုံးများ နေရာချထားပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Aug 27,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရန်နှင့် ဒေသခံများနှင့် လမ်းသွားလမ်းလာပြည်သူများ အမှိုက်(၄)မျိုး ခွဲခြားစွန့်ပစ်သည့် အလေ့အကျင့်ကောင်းများရရှိနိုင်စေရန် အမှိုက်ပုံးများနေရာချထားပေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်း မင်းဘူးမြို့စည်သာယာရေးနယ်နိမိတ်အတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။