မြို့သစ်မြို စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများ စိုက်ပျိုးပညာပေး သင်တန်းဖွင့်လှစ်ပေး

မြို့သစ် သြဂုတ် ၂၇

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် စိုက်ပျိုးရေးဦးစီးဌာနကကြီးမှူး၍ တောင်သူများ ခေတ်မီနည်းပညာများ လက်လှမ်းမီစေရန်နှင့် စိုက်ပျိုးထုတ်လုပ်မှု အထောက်အကူဖြစ်စေသည့် နည်းပညာပြန့်ပွားစေရန် တောင်သူများစိုက်ပျိုးပညာပေးသင်တန်းကို မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်နယ်စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်းခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းတွင် မကွေးခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးက သဘာဝဘေးအရစိုက်ပျိုးသီးနှံများ ထိခိုက်ပျက်စီးမှူး မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ ဘက်စုံပိုးမွှားရောဂါ ကာကွယ်ရေးနည်းများ၊ ဆီထွက်သီးနှံဖြစ်သော (နှမ်းသီးနှံ)တွင် နှမ်းဖိုနှံရောဂါ၊ နှမ်းရိုးမဲရောဂါအစရှိသော ပိုးမွှားရောဂါများ ကာကွယ်နှိမ်နင်းရေးနည်းလမ်းများ၊ အဓိကသီနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များတွင် ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များ၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝမြေဆွေးများ ပြုလုပ်သုံးစွဲရေး၊ သစ်စိမ်းမြေဩဇာများ ထည့်သွင်းစိုက်ပျိုးရေး၊ သီးနှံစိုက်ပျိုးရာတွင်သီးနှံများ၏ သက်တမ်းအလိုက်လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ဓာတ်မြေဩဇာများ ထည့်သွင်းသုံးစွဲရာတွင် သီးနှံအထွက်တိုးစေရေး အချိန်ကိုက် အချိုးကျသုံးစွဲစိုက်ပျိုးရေး၊ မျိုးစေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးက အဓိကသီးနှံ(၁၀)မျိုးပန်းတိုင် အထွက်နှုန်းရရှိရေး၊ သီးနှံစိုက်စွမ်းအား တိုးတက်ရရှိရေးအတွက် သီးထပ်တိုးတက်စိုက်ပျိုးရေး၊ ရေမြေအခြေခံကောင်းသော စိုက်ဧရိယာများတွင် တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေးနှင့် ဒေသခံတောင်သူများ ဝင်ငွေတိုးတက်ရရှိစေရေးအတွက် သီးနှံအထွက်နှုန်းပိုမိုရရှိသော မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးရေးစသည့် အကြောင်းအရာများနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းထက်က သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး တက်ရောက်လာသော ဒေသခံတောင်သူများက သိရှိလိုသည်များ ပြန်လည်မေးမြန်းရာ မေးမြန်းချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း ( ပြန်ဆက်)