သတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ငွေပျော်စံပြကျေးရွာရှိ အိမ်ထောင်စုများ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် စတုတ္ထအကြိမ်မြောက် အိမ်မွေးတိရစ္ဆာန်များ ထောက်ပံ့ပေးအပ်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ ဗီဒီယိုအခြေခံအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေး
Aug 27,2025
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ပလနကျေးရွာအုပ်စုအတွင်း ဒေသတွင်းနေရပ်စွန့်ခွာပြည်သူများအား ပြန်လည်ထူထောင်‌ရေးနှင့် နေရာချထားပေးခဲ့သည့် ငွေပျော်စံပြကျေးရွာရှိ ပြည်သူများ သက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်သည့် မွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် မွေးမြူရေးတိရစ္ဆာန်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၉ နာရီက အဆိုပါကျေးရွာခန်းမ၌ ကျင်းပပြုလုပ်သည်။
မက်မန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် အာဟာရ ကျွေးမွေးခြင်းဆောင်ရွက်
Aug 27,2025
ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ KG မှ Grade-4 ကျောင်းသား/ကျောင်းသူ များအား ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် KG ကျောင်းသား/ကျောင်းသူများကို အာဟာရကျွေးမွေးခြင်းကို ဩဂုတ်လ (၂၅) ရက်နေ့က မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ညောင်ရွှေမြို့နယ်၌ ဒေသခံပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြကွင်းဆင်းဆောင်ရွက်
Aug 27,2025
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၌ မြန်မာအီလက်ထ‌‌ရောနစ် မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၉)နာရီက အင်းလေးဒေသအတွင်းရှိ ကေလာကျေးရွာအုပ်စု၊ ကေလာကျေးရွာ၌ ပြုလုပ်ခဲ့သည်။
ငွေဆောင်မြို့၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်းဆောင်ရွက်
Aug 27,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်းတို့ကို ယမန်နေ့နံနက်ပိုင်းက ငွေဆောင်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ဟိုတယ် ဇုန်လမ်းရှိ မဟာပုညာရာမကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ငွေဆောင်နယ်မြေရဲစခန်းစခန်းမှူး မျိုးဇေမြင့်နှင့် မြို့အဆင့်ဌာနဆိုင်ရာများ၊ ပုသိမ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်မှ အတွင်းရေးမှူး ဒေါ်ပွင့်ဖြူအောင်၊ ငွေဆောင်မြို့၊ ရပ်/ ကျေးအုပ်ချုပ်ရေးအဖွဲ့များနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းဆောင်ရွက်
Aug 27,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပုလောမြို့၌ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်းဆိုင်ရာများ အသိပညာပေးသရုပ်ပြ
Aug 27,2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အသုံးပြု၍ ဆန္ဒမဲပေးခြင်းဆိုင်ရာများ အသိပညာပေးခြင်းကို ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီခွဲက ပုလောမြို့နယ်ခန်းမ၌ ကျင်းပသည်။
တပ်ကုန်းမြို့နယ် အောင်ဇေယျရပ်ကွက်အတွင်း ငလျင်ဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်
Aug 27,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် အောင်‌ဇေယျရပ်ကွက်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ငလျင်ဘေးအန္တရာယ်ခံစားရသော အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ရပ်ကွက်၊ သာသနာ့ဝေပုလ္လပရိယတ္တိစာသင်တိုက်၊ ဓမ္မာရုံတွင် ကျင်းပသည်။
ကျိုင်းတုံမြို့၌ အာခါတိုင်းရင်းသားတို့၏ ရိုးရာစုပေါင်းဒန်းစီးပွဲတော်ကျင်းပ
Aug 27,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော အာခါတိုင်းရင်းသားတို့၏ ရိုးရာ စုပေါင်းဒန်းစီးပွဲတော်ကို ဩဂုတ်လ ၂၅ ရက်နေ့က အမေ့ရင်ခွင်ကျောင်းတော်တွင် ကျင်းပသည်။