သတင်းများ

သရက်မြို့၌ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Aug 28,2020
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၁၀) နာရီက ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပခဲ့သည်။
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်(၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကျင်းပ
Aug 28,2020
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်(၁၇)ကြိမ်မြောက်ပုံမှန် အစည်းအဝေး(စတုတ္ထနေ့)ကို ဩဂုတ်လ(၂၈)ရက်နေ့ နံနက်(၁၀)နာရီက မော်လမြိုင်မွန်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ပင်လောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကာကွယ်၊ ထိန်းချုပ်ရေး ပညာပေးခြင်းဖြင့် Mask များ ဖြန့်ဝေတပ်ဆင်ပေးခြင်း အရှိန်အဟုန်မြှင့်ဆောင်ရွက်
Aug 28,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် Mask တပ်ဆင်ခြင်းယဉ်ကျေးမှုဖြစ်ပေါ်စေပြီး ဈေးသွားဈေးလာ ၊ လူထူထပ်သည့် နေရာများတွင် Mask တပ်ဆင်ခြင်းအလေ့အထရှိခြင်းဖြင့် ကူးစက်ရောဂါများ ကြိုတင်ကာကွယ်သည့် ရည်ရွယ်ချက်ဖြင့် Mask များဖြန့်ဝေပေးခြင်းကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်လောင်းမြို့နယ်တွင် မြို့မရဲစခန်းရှေ့ မင်းလမ်းပေါ်၌ ဩဂုတ် ၂၄ ရက်မှစတင်၍ ယနေ့ထိ ပညာပေးလုပ်ငန်း အရှိန်အဟုန်မြှင့်ပြုလုပ် ဆောင်ရွက်လျက်ရှိသည်။
ရမည်းသင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အိမ်အပြင်ထွက်သူတိုင်း နှာခေါင်းစည်းတပ်ဆင်သွားရေး ပညာပေးလက်ကမ်းစာစောင်နှင့် နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေ
Aug 28,2020
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးအတွက် အိမ်အပြင်ထွက်သူတိုင်း နှာခေါင်းစည်းတပ်ဆင်သွားလာရေး အသိပညာပေးလက်ကမ်းစာစောင်၊ နှာခေါင်းစည်းနှင့် လက်ဆေးဆပ်ပြာခဲများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၇ နာရီခွဲက ရမည်းသင်းခရိုင်နှင့် မြို့နယ် အမျိုးသမီးကော်မတီက ရွှေဒါးကျေးလက်ဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်များအား ဖြန့်ဝေပေးသည်။
ကျိုင်းတောင်းမြို့၌ (CERP) အစီအစဉ်အရ စီးပွားရေးပြန်လည်ကုစားမှု ထောက်ပံ့ငွေပေးအပ်ခြင်း ကျင်းပ
Aug 28,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ Economic Relief Plan (CERP) အစီအစဉ်အရ စီးပွားရေး ပြန်လည်ကုစားမှုအနေဖြင့် မျိုးစေ့ထုတ်တောင်သူ (၅)ဦး၏ စုစုပေါင်းလယ်ဧက (၁၅)ဧကအတွက် မျိုးစေ့များနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန် က ကျိုင်းတောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နမ့်တိန်းခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ကြစေရန် နှင့် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Aug 28,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုပြန့်ပွားမှုမရှိရေးအတွက် ကြိုတင် တားဆီးကာကွယ် ထိန်းချုပ်ရေးအတွက် ကျောက်ဂူဈေးအတွင်းရှိ စျေးရောင်း/စျေးဝယ်များအား ယမန်နေ့ နံနက်ပိုင်းက နှာခေါင်းစည်းများ စနစ်တကျတပ်ဆင် အသုံးပြုကြစေရန်နှင့် အသိပညာပေးခြင်း လုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ပျိုးသည့် တောင်သူများအားထောက်ပံ့ငွေပေးအပ်
Aug 28,2020
ကျိုက်မရောမြို့နယ်အတွင်းရှိ မိုးစပါး မျိုးစေ့ထုတ်စိုက်ပျိုးသည့် တောင်သူများအား ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ သွင်းအားစု မျိုးကောင်းမျိုးသန့်များ လိုအပ်သည့်အချိန်တွင် ရယူ သုံးစွဲနိုင်ရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ပလောက်မြို့တွင် ကိုဗစ် − ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ချက်များအား လှည့်လည်ကြေညာ
Aug 28,2020
ပလောက်မြို့တွင် ပြည်သူများ ကိုဗစ် − ၁၉ ရောဂါကူးစက်ခံရခြင်းမှကာကွယ်နိုင်စေရန်အတွက် အသိပညာပေးခြင်းနှိုးဆော်ချက်များအား မြို့ပေါ်ရပ်ကွက်များတွင် ကြေညာပေးခြင်းများကို ယမန်နေ့ည (၇) နာရီအချိန်က ပလောက်မြို့ ဟိတကာရီလူမှုကူညီရေးအသင်းက ဆောင်ရွက်ပေးလျက်ရှိသည်။