သတင်းများ

ဒေးဒရဲမြို့နယ်၌ မဲဆန္ဒရှင်စာရင်းစိစစ်ရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးပြုလုပ်
Aug 28,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မဲဆန္ဒရှင်စာရင်း စိစစ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများအား နှာခေါင်းစည်း (Mask) များ တပ်ဆင်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Aug 28,2020
မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မဖြစ်ပွားစေရေးနှင့် ကြိုတင်ကာကွယ်နိုင် စေရေးအတွက် လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်း (Mask) များ တပ်ဆင်ခြင်း ရှိ/မ ရှိစစ်ဆေးခြင်းကို ယနေ့နံနက်က ယာယီပျံကျစျေးနှင့် စည်ပင်သာယာစျေးလမ်း၊​မြို့အဝင်ဂိတ်တို့ တွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကြံခင်းမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လိုင်စင်ချထားပေးသော တည်းခိုခန်း (၄) ခုအား သတ်မှတ် စည်းကမ်းချက် များနှင့်အညီ ဖွင့်လှစ်မှု ရှိ/မရှိ စစ်ဆေး
Aug 28,2020
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လိုင်စင်ချထားပေးသော တည်းခိုခန်း (၄) ခုအား သတ်မှတ်စည်းကမ်းချက်နှင့်အညီ ဖွင့်လှစ်မှု ရှိ မရှိကို ယမန်နေ့က မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့များမှ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
သာပေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်​ ထိန်းချုပ်ရေး အသိပညာပေး လှုပ်ရှားမှုများ​ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Aug 28,2020
သာပေါင်းမြို့တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါအန္တရာယ်မှ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ လိုက်နာကြစေရန်နှင့် အပြင်ထွက်တိုင်း Mask တပ်ဆင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းများကို ယနေ့ နံနက် ၈ နာရီအချိန်က စတင်၍ ပြည်သူများ သွားလာစည်ကားရာ ကားဂိတ်များ၊ ဈေး၊ ဆိပ်ကမ်းများ၊ မြို့ အ၀င်/ အထွက် နေရာများတွင် ဆောင်ရွက်ခဲ့ကြသည်။
နယ်စပ်ဒေသတွင် အခြေခံမဲဆန္ဒရှင်စာရင်း တိကျမှန်ကန်မှုရှိစေရေးနှင့် အသက်(၁၈)နှစ်ပြည့် ပြည်သူတိုင်း မဲပေးပိုင်ခွင့် ရရှိစေရေး ကွင်းဆင်းဆောင်ရွက်
Aug 28,2020
နယ်စပ်ဒေသတွင် အခြေခံမဲဆန္ဒရှင်စာရင်း တိကျမှန်ကန်မှုရှိစေရေးနှင့် အသက်(၁၈)နှစ်ပြည့် ဒေသခံပြည်သူတိုင်း မဲပေးပိုင်ခွင့် ရှိစေရေးအတွက် မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းမြတ်အောင်နှင့် ရပ်/ကျေးကော်မရှင် အဖွဲ့ခွဲဝင်များပူးပေါင်းကာ ဩဂုတ်လ (၂၆) ရက်နေ့မှ စတင်ပြီး ရပ်ကွက်/ကျေးရွာများသို့ တစ်အိမ်တက်ဆင်းစနစ်ဖြင့် အိမ်ထောင်စုစာရင်းနှင့် မဲစာရင်းများကို တိုက်ဆိုင် စစ်ဆေးခဲ့ကြသည်။
ကောလင်းမြို့နယ်၌ တားမြစ်ထားသော ဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/မရှိ စစ်ဆေး
Aug 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ မြို့နယ်အတွင်းရှိ ဆေးမျိုးစုံအရောင်းဆိုင်များ အား တားမြစ်ထားသော ဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/မရှိကို ယနေ့နံနက် (၁၀)နာရီအချိန်က စစ်ဆေးခဲ့ကြောင်း သိရသည်။
ကန်ပက်လက်၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP)အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်
Aug 28,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ပြုလုပ်သည့် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP)အစီအစဉ်ဖြင့် ဆောင်ရွက်သော ၂၀၁၉-၂၀၂၀ ခုနှစ်၊ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက်(၁၀)နာရီတွင် ကျင်းပပြုလုပ်သည်။
ကျွန်းစုမြို့တွင် လမ်းသွားလမ်းလာပြည်သူများအား Mask တပ်ဆင်အသုံးပြုရေး အသိပညာပေး ဆောင်ရွက်
Aug 28,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ်ကာလအတွင်း လမ်းသွားလမ်းလာပြည်သူများ ပေါ့ဆနေမှုများမရှိစေရေးအတွက် Mask တပ်ဆင်အသုံးပြုရေး အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်တီက အုပ်စု (၂) စုခွဲ၍ ကျွန်းစုမြို့၊ အမှတ် (၁) ရပ်ကွက်ရှိ မြို့မဈေးအရှေ့နှင့် အမှတ် (၂) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် ဘုရင့်နောင်လမ်းဆုံတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။