မွန်ပြည်နယ်၊ လမိုင်းမြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ပြုလုပ်

လမိုင်း စက်တင်ဘာ ၂

မွန်ပြည်နယ်၊ လမိုင်းမြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို ယမန်နေ့ နံနက်၁၁ နာရီက လမိုင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနား (Talk Show)တွင် မြို့အုပ်ချုပ်ရေးမှူး ဦးညီညီမင်းက လူကုန်ကူးမှု အန္တရာယ်ကျရောက်လာပါက ဝိုင်းဝန်းကာကွယ်ကြရန် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ (အ-ထ-က) ကျောင်းအုပ်ကြီးဦးမင်းဗလာက လူကုန်ကူးမှုသည် အလုပ်အကိုင်နှင့် သက်ဆိုင်သည့် အကြောင်း အရာများကိုလည်းကောင်း၊ လမိုင်းမြို့နယ်မြေရဲစခန်းမှ ဒုရဲအုပ်တင်ထွန်းနိုင်က လူကုန်ကူးမှု ခံရလျှင် ဆက်သွယ်ရမည့် နေရာများကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တင်ဇာစိုး(လမိုင်း)