ဒိုက်ဦးမြို့တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား အိမ်တိုင်ရာရောက် လူမှုရေးပင်စင်ထောက်ပံ့ ငွေများပေးအပ်

ဒိုက်ဦး စက်တင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့တွင် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား (၂၀၁၉−၂၀၂၀) ဘဏ္ဍာရေးနှစ် ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလအတွက် လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် အိမ်တိုင်ရာရောက်ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ငွေပေးအပ်ရာတွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လစဉ် နိုင်ငံတော်မှ ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် တစ်ဦးလျှင်(၃၀၀၀၀)နှုန်းဖြင့် ဒိုက်ဦးမြို့နယ်အတွင်းရှိ ဘိုးဘွား (၇၃၈) ဦးအတွက် စုစုပေါင်းငွေကျပ်(၂၂၁၄၀၀၀၀)ကျပ်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တစ်ဆင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများက သက်ကြီးဘိုးဘွားများထံ အိမ်တိုင်ရာရောက် သွားရောက်  ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

သန်းသန်းဝင်း ( ပြန်/ ဆက်)