သတင်းများ

ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၄/၂၀၂၅) ကျင်းပ
May 25,2025
ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၄/၂၀၂၅)ကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ရေကြောင်းလူငယ်အခြေခံနှင့်တန်းမြင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၅)နှင့် အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ် (၁/၂ဝ၂၅) သင်တန်းသား၊ သင်တန်းသူများ၊ နည်းပြနှင့် ကြီးကြပ်များအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနား တက်ရောက်
May 25,2025
ရေကြောင်းလူငယ်အခြေခံနှင့်တန်းမြင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းသား၊ သင်တန်းသူများ၊ နည်းပြနှင့် ကြီးကြပ်များအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ မောရဝတီရေတပ်စခန်းဌာနချုပ်၊ အမှတ်(၄၆)စစ်ရေယာဉ်စု အကူရေယာဉ်အုပ်(မော်လမြိုင်သင်တန်းစခန်း)၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ အ​​ရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင် ပြည်နယ်အစိုးရအဖွဲ့ဝင်၀န်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ  တက်ရောက်ခဲ့​ကြသည်။
ကျောင်းကုန်းမြို့၌ မိုးစပါးရာသီ ဆင်းသုခRS မျိုးစပါးများ ထောက်ပံ့ပေးအပ်
May 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ တံခွန်တိုင်ကျေးရွာရှိ နည်းပညာပြန့်ပွားရေးစင်တာ၌ ၂၀၂၅ခုနှစ်- ၂၀၂၆ ခုနှစ် မိုးစပါးရာသီအတွက် ဆင်းသုခ RS မျိုးစပါးထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ပဲခူးမြို့နယ်၌ ၂၀၂၅ခုနှစ်၊ မိုးရာသီ (အကြို) သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
May 25,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၌ ၂ဝ၂၅ခုနှစ်၊ မိုးရာသီ(အကြို) သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို မေလ ၂၄ ရက် နံနက်ပိုင်းက ပဲခူးမြို့၊ ရပ်ကွက်ကြီး(၆)၊ ဘုရင့်နောင်လမ်းရှိ သီရိမင်္ဂလာဝင်္ကပါဘုရားဝန်းမြေကွက်လပ်တွင် ကျင်းပပြုလုပ်သည်။
မြောင်းမြမြို့ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများက ရွာသစ်တိုက်နယ်အတွင်းရှိပြည်သူ (၈၀၀) ကျော်အား အခမဲ့ ဆေးကုသပေးနိုင်ခဲ့
May 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာ အ.ထ.က ရွာသစ်ကျောင်းတွင် စုရပ်ပြုလုပ်ပြီး မြောင်းမြမြို့ ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများကကွင်းဆင်း၍ ရွာသစ်တိုက်နယ်အတွင်းရှိ ပြည်သူများအား အခမဲ့ဆေးကုသပေးခြင်းကို ယမန်နေ့နံနက် (၇) နာရီအချိန်က စတင်ကကုသပေးခဲ့သည်။
တောင်ကြီးမြို့၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနား ကျင်းပ
May 25,2025
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ တောင်ကျောင်းကြီး ဘုန်းတော်ကြီးကျောင်း၌ မေ ၂၄ ရက်နေ့ နံနက် ၉ နာရီက အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနား ကျင်းပသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကြည့်ရှုအားပေး၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး
May 25,2025
မွန်ပြည်နယ်အတွင်း သန့်ရှင်း၍စိမ်းလန်းစိုပြေသော အခြေခံပညာစာသင်ကျောင်းများအား ဖော်ဆောင်ပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းဝင်းအတွင်းနှင့် ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များ၊ အမှိုက်များအားဌာနဆိုင်ရာများ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်း စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်ပေးနေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။  
ညောင်ဦးမြို့ ကုတင်(၂၀၀)ပြည်သူ့ဆေးရုံကြီး၌ ငလျင်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်
May 25,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းနှင့် ငလျင်သဏ္ဍာန်တူဇာတ်လေ့ကျင့်ခြင်းအား ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။