Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ငလျင်ဘေးအလွန် ပြည်တွင်းပြည်ပတစ်ပိုင်တစ်နိုင် ထုတ်လုပ်တင်ပိုနိုင်မှု ကုန်ထုတ်လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး စားသုံးသူရေးရာဦးစီးဌာနမှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ
May 25,2025
စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ မုံရွာမြို့ပေါ်ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များ၊ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် မန္တလေးငလျင်ကြီးကြောင့် လုပ်ငန်းများထိခိုက်မှု၊ လုပ်ငန်းလည်ပတ်မှုများ နှောင့်နှေးကြန့်ကြာမှုမရှိစေရေးနှင့် ကုန်စည်စီးဆင်းမှု၊ ကုန်စည်ဝင်ထွက်မှုနှင့်ထုတ်ကုန်များ စိတ်ချလုံခြုံမှုရှိစေရေး ရည်ရွယ်လျက် မေလ ၂၃ ရက်နေ့ နံနက်ပိုင်းက မုံရွာမြို့ပေါ်ရှိ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ်တွင် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံ ဆွေးနွေး
May 25,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရှိ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက် ရေးအတွက် ညောင်ဦးမြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း ကို မေ ၂၂ ရက်၊ နံနက် ၉ နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးအ စည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပမှုရှိစေရေး ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး
May 25,2025
မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်နှင့် မြို့နယ်များတွင် မြို့ရွာသန့်ရှင်းသာယာလှပရေး၊ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် ဆေးရုံဆေးခန်းများ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးတို့အတွက် အပတ်စဉ်(စနေနေ့တိုင်း) စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၇ နာရီအချိန်က မကွေးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပမှုရှိစေရေး ဌာနဆိုင်ရာများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ အကြီးအကဲများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ သွားရောက်၍ ကြည့်ရှုအားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရပ်စောက်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက်ကျောင်းအပ်နှံရေးအခြေအနေများအား တာဝန်ရှိသူများမှကြည့်ရှုအားပေး
May 25,2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မြန်မာ့နိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများအားလုံးကို ဇွန်လ (၂) ရက်နေ့တွင် စတင်ဖွင့်လှစ်သွားဖြစ်ပြီး ကျောင်းအပ်လက်ခံခြင်းများကို မေလ(၂၂)ရက်နေ့ နံနက်ပိုင်းမှ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင်စတင် ဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့နယ်၌ ၂၀၂၅ ခုနှစ် လူထုဖြန့်သစ်ပင်ပျိုးပင် ၅ဝဝဝဝ ပင် အခမဲ့ဖြန့်ဝေပေးမည်
May 25,2025
ပဲခူးတိုင်းဒေသကြီး၊ မြို့နယ်၌ ၂၀၂၅ ခုနှစ် လူထုဖြန့်သစ်ပင်ပျိုးပေါင်း ၅၀၀၀၀ ပင်ကို မိုးရာသီကာလ၌ စိုက်ပျိုးနိုင်ရန်အတွက် အခမဲ့ဖြန့်ဝေပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးမြို့၊ တိုင်းဒေသကြီးလွှတ်တော်ရုံးတွင် ဖွင့်လှစ်လျက်ရှိသော မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာနည်းပြဆရာဖြစ်သင်တန်းအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမျိုးလှိုင် ကြည့်ရှုစစ်ဆေး
May 25,2025
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ (၁၃:၃၀)နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်သည် မဲပေးစက်အသုံးပြုခြင်းဆိုင်ရာနည်းပြဆရာဖြစ် သင်တန်းဖွင့်လှစ်လျက်ရှိသည့် ပဲခူးမြို့၊ တိုင်းဒေသကြီးလွှတ်တော်ရုံးသို့ရောက်ရှိခဲ့ပြီး သင်တန်းတွင် လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ ပို့ချလျက်ရှိသည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖွဲ့စည်းတည်ဆောက်ပုံ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ဖြန့်ခွဲပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ မဲပေးစက် တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံ၊ မဲပေးစက်အား ပြန်လည်ထုပ်ပိုးသိမ်းဆည်းပုံနှင့် မဲရုံခင်းကျင်းမှုပုံစံအတိုင်း လက်တွေ့လေ့ကျင့် ဆောင်ရွက်နေပုံ တို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ကျောက်မီးသွေး တူးဖော်လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီများလျာထားချက်အပြည့် ထုတ်လုပ်သယ်ယူရေးညှိနှိုင်း အစည်းအဝေးတက်ရောက်
May 25,2025
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ကျောက်မီးသွေးတူးဖော်လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီများ လျာထားချက်အပြည့် ထုတ်လုပ်သယ်ယူရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းဒေသကြီးအဆင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးအတွင်းရှိ မော်လိုက်၊ ကလေး၊ ခန္တီးမြို့နယ်များမှ ကုမ္ပဏီလုပ်ငန်းရှင်တာဝန်ရှိသူများ တက်ရောက်ကြသည်၊၊
အပြည့်အစုံ ဖတ်ရန်
ငလျင်ဒဏ်ခံစားခဲ့ရသည့် ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်းရှိ အခြေခံပညာကျောင်းများ ယခုစာသင်နှစ်တွင် ဖွင့်လှစ်ရန်အဆင်သင့်ဖြစ်နေ
May 25,2025
မတ်လ (၂၈) ရက်နေ့လယ်ပိုင်းက လှုပ်ခတ်ခဲ့သည့် အင်အားပြင်းမန္တလေးငလျင်ဒဏ်ကြောင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်းရှိ အခြေခံပညာကျောင်းများအနက် (၁၂) ကျောင်း ထိခိုက်ပျက်စီးပြိုလှဲမှုများ ဖြစ်ပေါ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
297
Page
298
Page
299
Page
300
Current page
301
Page
302
Page
303
Page
304
Page
305
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department