မရမ်းကုန်းမြို့နယ်၌ ရှေးဦးပြုစုနည်းအခြေခံသင်တန်းဖွင့်ပွဲကျင်းပ
May 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကြက်ခြေနီအသင်း၊ မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ ရှေးဦးပြုစုနည်းအခြေခံသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (community center)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။