သထုံမြို့နယ်၌ သန့်ရှင်း၍ စိမ်းလန်းစို‌ပြည်သောကျောင်းများ အကောင်အထည်ဖော်နိုင်ရေး ရှင်းလင်းဆွေးပွဲကျင်းပ

သထုံ ဩဂုတ် ၂၉

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများ အကောင်းအထည်ဖော်နိုင်ရေး အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှင်းလင်းဆွေးနွေးရာတွင် သထုံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာငြိမ်းက သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်း (Clean and Green School) ဆိုင်ရာ အခြေခံစံနှုန်းနှင့် အညွှန်းကိန်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာကြသည့် အခြေခံပညာကျောင်းအသီးသီးမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးတို့က သိလိုသည်တို့ကို မေးမြန်းကြပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက ပြန်လည်းရှင်းလင်းပေးခဲ့သည်။

အဆိုပါအခမ်းအနားသို့ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ သထုံမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းတို့မှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ စုစုပေါင်း (၁၈၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်//ဆက်)