သတင်းများ

အမရပူရမြိုနယ် ရတနာပုံတက္ကသိုလ်၌ တိုက်ကွမ်ဒိုသင်တန်းဆင်းပွဲနှင့် သရုပ်ပြပွဲကျင်းပ
Aug 29,2025
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန၊ အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ် အားကစားခန်းမ-၁ ၌ တိုက်ကွမ်ဒိုသင်တန်းဆင်းပွဲနှင့် သရုပ်ပြပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပရာ ပါမောက္ခ(ဌာနမှူး)များ၊ တိုက်ကွမ်ဒို အားကစားဆပ်ကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်မျိုးထွန်းနှင့် ကော်မတီဝင်များ၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် နည်းစနစ်ကော်မတီ ဒုဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တိုက်ကွမ်ဒိုဆပ်ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးမြကြိုင်နှင့် သင်တန်းနည်းပြဆရာများ၊ တိုက်ကွမ်ဒိုသင်တန်းသားများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
သာပေါင်းမြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေး(စတုတ္တ)ရက်သတ္တပတ် လှုပ်ရှားမှုများ ပူးပေါင်းဆောင်ရွက်
Aug 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် (စတုတ္တပတ်) အဖြစ် အိုင်အိုဒင်းဓါတ် စစ်ဆေးခြင်းကို ယနေ့ ဩဂုတ်လ ၂၈ ရက်နေ့၊ နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေး အစည်းဝေးခန်းမနှင့် သီရိရွှေသာဈေးတွင် ဆောင်ရွက်ခဲ့ကြသည်။
ဟားခါးမြို့တွင် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးကျောင်းဖွင့်ပွဲအခမ်းအနားကျင်းပ
Aug 29,2025
အကြောင်းအမျိုးမျိုးကြောင့် ကျောင်းလုံးဝမနေခဲ့ဖူးသူ ၊ ကျောင်းနေသော်လည်း မူလတန်း ပညာမပြီးမီ ကျောင်းစောထွက်ခဲ့သူ ၊ အသက် (၁၀) နှစ်မှ (၁၄) နှစ် သက်ငယ်အုပ်စုများနှင့် အခြေခံပညာအလယ်တန်းဆင့် ပြီးမြောက်အောင် မသင်ယူနိုင်ခဲ့သော အသက် (၁၃) နှစ်မှ (၁၈) နှစ်ကြား လူငယ်များအတွက် ရည်ရွက်ဖွင့်လှစ်သည့် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးကျောင်းဖွင့်ပွဲကို သြဂုတ်လ ၂၈ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ အမှတ် (၂) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း အီးကေကိမ်းငဲင်းခန်းမ၌ ကျင်းပသည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ဟားခါးပြည်သူ့ဆေးရုံးကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေသောလူနာများအား သွားရောက်ကြည့်ရှုအားပေးပြီး အာဟာရဖြည့်အစာများ ထောက်ပံ့ပေးအပ်
Aug 29,2025
ချင်းပြည်နယ်၊ ဟားခါးပြည်သူ့ဆေးရုံးကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေသောလူနာများကို ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့်ဇနီး၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်မိုးဟိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ စစ်ဗျူဟာ (ဟားခါးအခြေချ) စစ်ဗျူဟာမှူးနှင့် ၎င်းတို့၏ဇနီးများက သြဂုတ်လ ၂၈ ရက် မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှုအားပေးသည်။
ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံပါဝင်သည့် တတိယအကြိမ် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဖလား မျိုးနွယ်စုပေါင်းစုံ အလွတ်တန်း အမျိုးသား ဘောလုံးပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေး
Aug 29,2025
ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှကြီးမှူး၍ ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ်ဘောလုံးအားကစားဆပ်ကော်မတီတို့ ပူးပေါင်း ကျင်းပမည့် တတိယအကြိမ် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဖလား မျိုးနွယ်စုပေါင်းစုံ အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ညှိနှိုင်း ဆွေးနွေးပွဲကို  ယမန်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ညောင်တုန်းမြို့နယ်အတွင်းရှိ တောင်သူများထံသို့ ဈေးနှုန်းသက်သာစွာဖြင့် သွင်းအားစုဓာတ်မြေဩဇာများ ဖြန့်ဖြူးပေးအပ်
Aug 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်‌ရေးရန်ပုံငွေ စီမံကိန်းနှင့်အကျုံးမဝင်သည့် တောင်သူများထံသို့ သွင်းအားစုဓာတ်မြေဩဇာများ ဖြန့်ဖြူးပေးအပ် ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ကျေးရွာအုပ်စုများ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
မအူပင်ခရိုင်အဆင့် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ
Aug 29,2025
 ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ခရိုင်အဆင့် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး ၊အတီး ပြိုင်ပွဲ ဖွင့်ပွဲအား ယနေ့နံနက် (၈)နာရီက အမှတ်(၄)ရပ်ကွက်၊ ကမ်းနားလမ်းရှိ တိုးရွှေဝါခန်းမ‌တွင် ကျင်းပခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ ဓာတ်မြေဩဇာများ စျေးနှုန်းသက်သာစွာ တိုက်ရိုက်ဖြန့်ဖြူးပေးအပ်ပွဲ အခမ်းအနားကျင်းပ
Aug 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် အကျုံးမဝင်သည့်တောင်သူများအား ဓာတ်မြေဩဇာများ စျေးနှုန်းသက်သာစွာ တိုက်ရိုက်ဖြန့်ဖြူးပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်းသိရသည်။