သတင်းများ

သမိုင်းဝင် ဒီပါရုံစေတီတော်မြတ်ကြီးအား (၅) နှစ်တစ်ကြိမ် စိန်ဖူးတော်၊ ငှက်မြက်နားတော်နှင့် ရွှေထီးတော်တင်လှူပွဲကျင်းပ
Feb 24,2020
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင် တည်ထားကိုးကွယ်လျက်ရှိသော သမိုင်းဝင်စေတီတစ်ဆူဖြစ်တော်မူသော ဒီပါရုံစေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြက်နား တော်နှင့် ရွှေထီးတော်အား(၅)နှစ်တစ်ကြိမ် အသစ်တင်လှူပွဲကို ယမန်နေ့နံနက် (၉) နာရီ (၉) မိနစ် (၉) စက္ကန့်အချိန်က စတင်ကျင်းပခဲ့ကြောင်း သိရသည်။
ကျေးလက်ဆက်သွယ်ရေးလမ်းများ ကွန်ကရစ်ခင်းကျင်းနေမူများအား ကွင်းဆင်းစစ်ဆေး
Feb 24,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကျေးရွာဖွံဖြိုး တိုးတက်ရေးအတွက် ဆက်သွယ်မူလွယ်ကူစေရန် ခရမ်းမြို့နှင့် ဆက်သွယ်မည့် လမ်းကွန်ကရစ် ခင်းကျင်းနေမူများကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ​ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
မြောက်ဥက္ကလာပမြို့နယ် (၂) ရပ်ကွက် သုဓမ္မာ (၆) လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ
Feb 24,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက (၂)ရပ်ကွက်၊ သုဓမ္မာ (၆) လမ်းတွင် ကျင်းပခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါမဖြစ်စေရန် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်
Feb 24,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ) ရပ်ကွက်တွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကလေးငယ်များ သွေးလွန်တုပ်ကွေးနှင့် ခြင်ကြောင့် ဖြစ်တတ်သော အခြားရောဂါများ မဖြစ်ပွားစေရေး တို့အတွက် ရပ်ကွက်အတွင်းရှိ ခြင်ခိုအောင်းနိုင်သော နေရာများသို့ ခြင်ဆေးဖြန်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
ဝမ်းတွင်းမြို့နယ် ဘောလုံးအဖွဲ့ချုပ်ဖလား ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ
Feb 24,2020
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေ(၅)နာရီအချိန်က မြို့နယ်ပြည်သူ့ အားကစားကွင်းတွင်ကျင်းပပြုလုပ်ခဲ့သည်။
စတုတ္ထအကြိမ်မြောက် မံကပ်ဒေသစိတ် ကျေးရွာအလိုက် အလွတ်တန်း ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Feb 24,2020
စစ်​ကိုင်းတိုင်းဒေသကြီး ကသာခရိုင်​ ဗန်းမောက်​မြို့နယ်​ ​ကျောက်​တန်းကျေးရွာအုပ်​စု နားမော်ကျေးရွာတွင် စတုတ္ထအကြိမ်မြောက် ​ဘောလုံးအလွတ်​တန်းပြိုင်​ပွဲနှင့် ဆုပေးပွဲကို မြို့နယ်​အား/ကာ ဦးစီးဌာနကကြီးမှူး၍ ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါကွင်း၌ ကျင်းပပြုလုပ်​ခဲ့​ကြောင်း သိရသည်​။
ကျေးလက်ကျန်းမာရေးဌာခွဲနှင့် ဝန်ထမ်းအိမ်ရာဆောက်လုပ်ပြီးစီးမှု အခြေအနေအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး
Feb 24,2020
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် တောင်လယ်တောကျေးရွာအုပ်စု တောင်လယ်တော ကျေးရွာနှင့် ရွာသစ်ကျေးရွာအုပ်စု ဘုရားထူးကျေးရွာတို့၌ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျက်ရန်ပုံငွေဖြင့် တည်ဆောက်သည့် ကျေးလက်ကျန်းမာရေး ဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပြီးစီးမှု အခြေအနေများအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့်အတူ တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အလုံမြို့နယ်တွင် ကတ္တရာလမ်းသစ်ဖွင့်ပွဲအခမ်းအနားကျင်းပ
Feb 24,2020
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၊ ​စော​မြောက်ရပ်ကွက်၊ ဆင်စွယ်လမ်း ကတ္တရာလမ်း သစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့၊ နံနက်(၉:၀၀) နာရီအချိန်တွင် အဆိုပါလမ်းတွင် ကျင်းပပြုလုပ်​ကြောင်းသိရသည်။