သတင်းများ

အလောင်းတော်ကဿပစံကျောင်းတော်သို့ ဆင်အကောင်ရေ(၇၀) ကျော်ဖြင့် ဝန်ဆောင်ပေးလျက်ရှိ
Feb 24,2020
ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်းရှိ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အတွင်းရှိ အလောင်းတော်ကဿပ ရုပ်ကလာပ်တော်တည်ရှိရာ စံကျောင်းတော်နှင့် လွမ်းစေတီသို့ သွားရောက်ဖူးမြော် ကြမည့် ဘုရားဖူးဧည့်သည်များ သွားလာရေး အဆင်ပြေစေရန် ဆင်(၇၇)ကောင်ဖြင့် အသွား၊ အပြန် ပို့ဆောင်ပေးလျက်ရှိကြောင်း အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်မှ ဦးစီးအရာရှိ ဦးအောင်မောင်း၏ ပြောကြားချက်အရ သိရသည်။
ဒေးဒရဲမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲ ကျင်းပ
Feb 24,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲအား ယမန်နေ့နံနက် ၁၀ နာရီက မြင်းကကုန်းကျေးရွာ အရှင်သုမနာ လင်္ကာရကျောင်း၌ ပြုလုပ်ခဲ့သည်။
အောင်လံမြို့နယ်၌တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၉)ခုတွင်ကျင်းပမည်
Feb 24,2020
မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်အတွင်း၌ ယခုနှစ်မတ်လတွင်ကျင်းပမည့် ၂၀၁၉ − ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ကျောင်းသူစုစုပေါင်း (၄၀၃၇)ဦး ဝင်ရောက်ဖြေဆိုရန် လျှောက်ထားခဲ့ကြပြီး၊ စာမေးပွဲကို စာစစ်ဌာန(၉)ခုတွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
မုဒုံမြို့နယ် ပြည်သူ့ဆေးရုံ၌ ရေစင်အလှူနှင့် ပန္နက်ရိုက် အခမ်းအနားကျင်းပ
Feb 24,2020
မွန်ပြည်နယ် မုဒုံမြို့နယ် ပြည်သူ့ဆေးရုံ၌ လိုအပ်လျက်ရှိသော ရေစင်ဆောက်လုပ် လှူဒါန်းခြင်းနှင့် ပန္နက်ရိုက် အခမ်းအနားကို ယမန်နေ့က မုဒုံမြို့ ဓမ္မဒူတကျောင်းမှ ဆရာတော်ကြီးက မ,တည် လှူဒါန်းခဲ့သည်။
လယ်မြေဧက(၇၀၀၀)ကျော် ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ရန် သဲနုန်း တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်
Feb 24,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ လယ်မြေဧက(၇၀၀၀)ကျော် ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ရန် စင်လင်ချောင်း၌ သဲနုန်းတူးဖော်ခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျပ်သိန်း၂၀၀၀ ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဟောပြော
Feb 24,2020
ပခုက္ကူခရိုင် ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနက ကြီးမှူး၍ ဂန့်ဂေါခရိုင် ကျောက်ထုမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဟောပြောဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်သည်။
ကျောက်ဆည်မြို့ ကာတွန်းပြပွဲ၊ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်း ပွဲတော်သို့ ကျောင်းသား/ကျောင်းသူများ စိတ်ဝင်စားစွာလာရောက်လေ့လာလျက်ရှိ
Feb 24,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေသခံကာတွန်းဆရာများ၊ ဆောင်စုရတီစာပေတို့ ပူးပေါင်းပြီး ပြည်သူများ စာဖတ်ရှိန် မြင့်မားလာစေရန်နှင့် အတွေးအခေါ်များ မြင့်မားလာစေရန် ရည်ရွယ်ပြီး ဖေဖော်ဝါရီ (၂၁)ရက်နေ့မှ (၂၅)ရက်နေ့အထိ ကာတွန်းပြပွဲ၊ စာအုပ်ပြပွဲနှင့် စာအုပ်ဈေး ‌ရောင်းပွဲတော်အား ကျောက်ဆည်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ (၂၂)ကြိမ်​မြောက်အခမဲ့ကွန်ပျူတာသင်တန်းဖွင့်လှစ်
Feb 24,2020
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နတ်မောက်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့နံနက်(၉)နာရီက ပြန်/ဆက်ဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ အခမဲ့ ကွန်ပျူတာသင်တန်းဖွင့်ပွဲ ကျင်းပခဲ့သည်။