မယ်စဲ့မြို့နယ်တွင် ရွှေ့ပြောင်းတောင်ယာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Feb 26,2020
တောင်ပေါ်ဒေသများတွင် ရွှေ့ပြောင်းတောင်ယာစနစ်ဖြင့် စိုက်ပျိုးခြင်းထက် ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ လိုက်လျောညီထွေမည့် အလားအလာ ရှိသော တောင်စောင်းစိုက်ပျိုးရေးစနစ်ကို တောင်သူများကိုယ်တိုင် ကျင့်သုံးစိုက်ပျိုးနိုင်စေရန် ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းကာ ရွှေ့ပြောင်းတောင်ယာစနစ် စိုက်ပျိုးမှုလျော့နည်းပပျောက်ရေး ဒေသခံတောင်သူများအား ကွင်းဆင်း အသိပညာ ပေးခြင်းကို ယမန်နေ့က ကယားပြည်နယ်၊ မယ်စဲ့မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။