မိုင်းဖြတ် ဖေဖော်ဝါရီ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် စိုက်ပျိုးရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်များ မြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၈နာရီက ဝန်ထမ်းစွမ်းဆောင်ရည် မြင့်မားရေး သင်တန်း ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာမှ ခရိုင်ဦးစီးမှူး ဦးမိုးကျော်စွာဝင်က သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ဆောင်ရွက်မည့် လုပ်ငန်းများအား သင်ကြားလေ့လာထားသည့် စိုက်ပျိုးရေး နည်းပညာ စာတွေ့နှင့်လက်တွေ့များကို မြေပြင်၌ လက်တွေ့ကျကျ ပေါင်းစပ် ဆောင်ရွက်နိုင် ရေးနှင့်စပ်လျဉ်း၍ အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် သင်တန်းကိုဆက်လက်ပို့ချရာ တာချီလိတ် ခရိုင်မှ မြေ အသုံးချရေး တာဝန်ခံ၊ မျိုးစေ့တာဝန်ခံ၊ သီးနှံကာကွယ်ရေးတာဝန်ခံ ၊ ဥယျာဉ်ခြံ တာဝန်ခံများ ဖြစ်သည့် သင်တန်းနည်းပြဆရာများက စိုက်ပျိုးရေး နည်းပညာများဆိုင်ရာ ဘာသာရပ်များကို သင်ကြား ပို့ချသွားမည် ဖြစ်သည်။
အဆိုပါ ဝန်ထမ်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းသို့ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းယု စသည့် မြို့နယ်များမှ စိုက်ပျိုးရေးဝန်ထမ်း (၂၀) ဦး တက်ရောက်ကြကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)