မိုးနဲမြို့ ကွန်နားကျေးရွာ၌ စိမ့်စမ်းရေသွယ်ယူခြင်းနှင့် ရေစုကန်တည်ဆောက်

မိုးနဲ ဖေဖော်ဝါရီ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာနေ ပြည်သူများ နွေရာသီရေးရှားပါမှု မရှိစေရေးအတွက် စိမ့်စမ်းရေသွယ်ယူခြင်းနှင့် ရေစုကန် တည်ဆောက်ပေးခြင်းကို ရွှေမိုးနဲဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်‌ပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းကို ခွင့်ပြုရန်ပုံငွေဖြင့် စိမ့်စမ်းရေသွယ်ယူခြင်း ၁ ဒသမ ၄ မိုင် ၊ ရေစုကန် အလျား ၁‌၅ ပေ ၊ အနံ ၁၀ ပေ ၊ အမြင့် ၇ ပေရှိ ရေဂါလံ ၅၀၀၀ ဆန့် အုတ်ရေကန်တစ်လုံး ဆောက်လုပ်ပေးလျက်ရှိပြီး လုပ်ငန်းများ ပြီးစီးသွားပါက ကျေးရွာနေ အိမ်ခြေ ၇၀ အိမ်နှင့်လူဦးရေ ၃၀၇ ဦးတို့ကို သောက်သုံးရေများ ဖြန့်ဝေးပေးသွားမည် ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)