ကံမ စက်တင်ဘာ ၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ကျောင်းသားလူငယ်များ ကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ မြို့နယ်ပညာရေးမှူးဖလား အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ယနေ့နံနက် (၈)နာရီက မြို့နယ်အားကစားကွင်း၌ စတင်ကျင်းပရာ မြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်းများမှ ကိုယ်စားပြု ဘောလုံးအသင်း (၈) သင်း ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
အဆိုပါ ဘောလုံးပြိုင်ပွဲကို စက်တင်ဘာ(၁)ရက်နေ့မှစတင်၍ တစ်နေ့လျှင် (၂)ပွဲ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး စက်တင်ဘာ(၄)ရက်နေ့ ညနေပိုင်းတွင် ဗိုလ်လုပွဲအား ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)