မင်းလှမြို့၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲ ကျင်းပ

အထက်မင်းလှ စက်တင်ဘာ ၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲကို စက်တင်ဘာ ၆ ရက်နေ့နံနက် ၉ နာရီက မင်းလှမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းတွင်းပြိုင်ပွဲ၌ စာစီစာကုံးပြိုင်ပွဲအထက်တန်းအဆင့်တွင် ဆရာ့ဂုဏ်ရည် ခေါင်းစဉ်ဖြင့်လည်းကောာင်း၊ အလယ်တန်းအဆင့်တွင် မြတ်ဆရာခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲအထက်တန်းအဆင့်တွင် ပညာပြည့်ဝနှလုံးလှခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်တွင် ထာဝရအလင်းရှင် ခေါင်းစဉ်ဖြင့် စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၂၀)ဦး ဖြေဆိုယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲသီးသီးတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအစီအစဉ်ဖြင့် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းမြတ်(အထက်မင်းလှ)