ပုဂံမြို့ မြင်းကပါကျေးရွာ မနုဟာဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ

ညောင်ဦး စက်တင်ဘာ  ၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ မြင်းကပါကျေးရွာ မနုဟာမင်းကြီးကောင်းမှုတော် မနုဟာဘုရားဗုဒ္ဓပူဇနိယပွဲတော်ကို  ဆွမ်းသပိတ်လုံးလောင်းလှူပွဲနှင့် ရေစက်ချမင်္ဂလာအခမ်းအနားကို စေတီတော်ကြီးရင်ပြင်တော်၌ တော်သလင်းလပြည့်နေ့ ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည်။

မနုဟာဘုရားဗုဒ္ဓပူဇနိယပွဲတော်အား မနုဟာကျောင်းတိုက်ဩဝါဒဆရာတော် ဘဒ္ဒန္တကောမလ အရှင်သူမြတ်ထံမှ ရှစ်ပါးသီလခံယူဆောက်တည်၍ ကြွရောက်လာသည့် ဆရာတော် အရှင်သူမြတ်များထံမှ မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုကြကာ မနုဟာဘုရားဂေါပကဥက္ကဋ္ဌအဖွဲ့နှင့်ဗုဒ္ဓပူဇနိယပွဲတော်လာ ဧည့်ပရိသတ်တို့မှ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ ဘဒ္ဒန္တကောမလအရှင်သူမြတ်ထံမှ အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှပေး ဝေခဲ့ကြသည်။ ထို့နောက် ပင့်သံဃာ ၇၀ တို့အား ဘုရား ရင်ပြင်တော်ပေါ်၌ ဆွမ်းသပိတ်လုံးများ လောင်းလှူခဲ့ကြကြောင်း သိရသည်။

ဒီပါလင်း