နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) RCC (၃) ထပ် တည်ဆောက်နေမှု ကွင်းဆင်း ဆောင်ရွက်

နတ်မောက် ဇူလိုင် ၅

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) RCC (၃) ထပ် တည်ဆောက်လုပ်နေမှုကို ယနေ့နံနက် (၁၀) နာရီအချိန်က အရည်အသွေး စစ်ဆေးရေးနှင့် လက်ခံရေးကော်မတီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မကွေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမောင်မောင်ကျော်၊ မြို့နယ်ပြန်/ဆက် ဦးစီးမှူးဒေါ်ဥမ္မာခင်၊ မြို့နယ်လျှပ်စစ်မှူး၊ မြို့နယ်လမ်း ဦးစီး ဌာနမှ အင်ဂျင်နီယာ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံအင်ဂျင်နီယာတို့က အဆောက်အအုံအား အရည်အသွေးပြည့်မီပြီး သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) RCC (၃) ထပ် တည်ဆောက် ခြင်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုငွေကျပ် (၄၁၄.၀၁၀) ကျပ်သန်းဖြင့် တင်ဒါ အောင်မြင် သော Moon & Space ကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိပြီး၊ ၃၂ % ပြီးစီးပြီဖြစ်ကြောင်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးထံက သိရသည်။

မူမူစန်း (နတ်မောက်)