သတင်းများ

ဝေါမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ အလှူရှင်များမှ အလှူငွေများလှူဒါန်း
Jul 16,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို၌ ပိုးတွေ့လူနာများအား ကုသနိုင်ရန် အတွက် ဝေါမြို့နယ် ကိုဗစ်-၁၉ ထိန်ချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ သို့ ယနေ့ နံနက် ၁၀ နာရီအချိန်က အလှူငွေများ လှူဒါန်းခဲ့ကြသည်။
တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံမှ အသွားအလာကန့်သတ်ထားရှိသူ တိုးချဲ့(၂)လမ်းမှ အမျိုးသမီး တစ်ဦး ဆေးရုံမှဆင်းခွင့်ပြု
Jul 16,2021
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံ အထူးကြပ်မတ်ဆောင်အတွင်း၌ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ(၃) ရက်နေ့မှစ၍ ကိုဗစ်-၁၉ရောဂါ စစ်ဆေးတွေ့ရှိသူ တနင်္သာရီမြို့ ချောင်းကြီးရပ်ကွက် -တိုးချဲ့(၂)လမ်းမှ အသက်(၄၀)နှစ်အရွယ်အမျိုးသမီးတစ်ဦးအား အသွားအလာကန့်သတ်၍  Ficility Quarantine ထားရှိပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများအတိုင်း ကျန်းမာရေး စောင့်ကြပ်ကြည့်ရှုပေး လျက် ရှိရာ ယနေ့ ဇူလိုင်လ ၁၆ ရက် နေ့ နံနက်၁၁နာရီ၃၀အချိန်တွင်ကျန်းမာရေးကောင်းမွန်ပြီး သတ်မှတ်ရက် ပြည့်မြောက်ပြီဖြစ်သဖြင့် ဆေးရုံမှ နေအိမ်သို့ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများအနက် ရောဂါပျောက်ကင်းသူ(၁၇၃) ဦး ဆေးရုံဆင်းခွင့်ရ
Jul 16,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများကို အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း GTI ကိုဗစ် -၁၉ ကုသရေးစင်တာ၊ ပြည်သူ့ဆေးရုံ Isolation Ward၊ အ.ထ. ကခမုံဆိပ်၊ အ.ထ.က ဇီးဖြူကုန်း၊ အ.ထ.ကသာရဝေါ၊ အ.ထ.က မကျီးကွင်း၊ အ.ထ.က ဖိုးခေါင်စု၊ အ.ထ.က(၂)၊ အ.လ.က ကျွန်းကလေးတို့တွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာနက ကျန်းမာရေးစောင့် ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ကျန်းမာရေးကောင်းမွန်သူ (၁၇၃)ဦး ဆေးရုံ ဆင်းခွင့်ရရှိကြောင်း သိရသည်။
အပင်အဖြစ်မြန်ပြီး ဈေးကွက်အတွင်းအမြန်ရောင်းချရသည့် ဖူးချိုးဆလပ် စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေအပို ရရှိသည့်အတွက် ဖူးချိုးဆလပ် အိမ်ထောင်စုတိုင်းစိုက်ပျိုးသင့်
Jul 16,2021
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက် တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာ များသည် ဆလပ်အမျိုးမျိုး စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေးဝင်ငွေတွက် ခြေကိုက် နေကြကြောင်း လဲဂွကျေးရွာ ဖူးချိုးဆလပ်စိုက် ပျိုးတောင်သူ ဦးတင်ထွန်းအောင်ထံက သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် အတည်ပြုလူနာ(၅၆)ဦးထိရှိလာ
Jul 16,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဇူလိုင်(၁၁) ရက်နေ့မှ ယနေ့အထိ အတည်ပြုလူနာ(၅၆)ဦး ထိရှိလာကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှသိရသည်။
မိုးကောင်းမြို့နယ်တွင် စာဖတ်ဝိုင်းကျင်းပ
Jul 16,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရုံးမှ ဝန်ထမ်း များ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် နိုင်ငံ့ဝန်ထမ်း စည်းမျဉ်းများ ပိုမိုသိရှိစေရန် ရည်ရွယ်၍ Community Centre ခန်းမ၌ ယနေ့ နံနက်(၁၀)နာရီတွင် နိုင်ငံ့ဝန်ထမ်းနည်း ဥပဒေစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပသည်။
ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၁၅ ဦး ထပ်မံတွေ့ရှိပြီး စုစုပေါင်း ၁၂၉ ဦးရှိလာ
Jul 16,2021
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၁၅ ဦးထပ်မံတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ဇီးကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ရုံးဌာနများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး
Jul 16,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် မြို့နယ်အတွင်းရှိ ရုံးဌာနများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် စီမံဆောင်ရွက် ထားရှိမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယနေ့ နံနက်ပိုင်းတွင် လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။