သတင်းများ

ပွင့်ဖြူမြို့နယ်၌ ခရမ်းညိုသီး စိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်း ရရှိကာ လုပ်ငန်းအဆင်ပြေ
Mar 13,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု၊ ယောစုကျေးရွာရှိ ဒေသခံ တောင်သူများသည် မုန်းချောင်းရေကို အမှီပြုပြီး မုန်းချောင်းတစ်လျှောက် ကိုင်း၊ ကျွန်းမြေ များတွင် ၁၂ ရာသီ စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ယခုနှစ် တွင် တောင်သူများ စမ်းသပ်စိုက်ပျိုးသည့် ခရမ်းညိုသီးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိနေကြကြောင်း အဆိုပါ ယောစုကျေးရွာမှ ခရမ်းညိုသီးစိုက်ပျိုးသည့် ဒေသခံ တောင်သူများထံမှ သိရသည်။
ကြာအင်းဆိပ်ကြီးမြို့၌ (COVID-19) ရောဂါ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်
Mar 13,2020
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့တွင် ကမ္ဘာ့နိုင်ငံအများအပြားတွင် ဖြစ်ပေါ်လျက်ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ကူးစက်ပျံ့နှံမှုအန္တရာယ်ကြောင့် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာ့ကပ်ဆိုးရောဂါအဖြစ် ကြေညာခဲ့ပြီး အများပြည်သူများ ကိုရိုနာဗိုင်းရပ်စ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေရေး ရောဂါမဖြစ်ပွားအောင် ကာကွယ်ရမည့်နည်းလမ်းများကို သိရှိ နားလည်နိုင်စေရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ဇင်ထွန်းက ဦးဆောင်ကာ ကျန်းမာရေးဝန်ထမ်းများနှင့် လူစည်ကားရာ မြို့မဇမိရတနာဈေးသို့ သွားရောက်ပြီး ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကျင်းပ
Mar 13,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ရန်အတွက် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ ၁၀ ရွာသို့ ရန်ပုံငွေလွဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဉတ္တရခရိုင် ကျေးလက်ဒေသ ဖွွွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
တနင်္သာရီမြို့နယ် စာစစ်ဌာန (၄) ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ (သင်္ချာဘာသာ) တွင် အတွင်းဖြေဆိုသူ (၁၈၅၂) ဦးနှင့် ဆေးရုံဖြေ (တစ်) ဦး ဖြေဆို
Mar 13,2020
၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၊ သင်္ချာဘာသာရပ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်က စာစစ်ဌာန (၄) ခုမှာ ယနေ့နံနက် ၉ နာရီမှစ၍ အတွင်းဖြေဆိုသူနှင့် ပြင်ပဖြေဆိုရန် စာရင်းရှိ ကျောင်းသူ/သား (၂၀၀၆) ဦးအနက်၊ ယနေ့စာစစ်ဌာနများတွင် ဖြေဆိုသူ (၁၈၅၂) ဦးနဲ့ အ.ထ.က-တနင်္သာရီ စာစစ်ဌာနမှ ခုံအမှတ် တန-၆၆၅၊ မောင်အောင်အောင်ဦးသည် ကျန်းမာရေး မကောင်းသောကြောင့် တနင်္သာရီမြို့နယ်၊ ကုတင်(၅၀)ဆံ့ပြည်သူ့ဆေးရုံ၌ အတွင်းလူနာအဖြစ် ဆေးရုံတက်ပြီး ကိုယ်တိုင် ရေးဖြေဆိုသဖြင့် စုစုပေါင်းဖြေဆိုသူဦးရေမှာ (၁၈၅၃) ဦးဖြစ်ပြီး ဖြေဆိုမှုရာနှုန်းသည် (၉၂.၃၇) ဖြစ်သည်။
အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်း အောင်လက်မှတ်များချီးမြှင့်
Mar 13,2020
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ကလေးမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါသင်တန်း ကျောင်းခန်းမ၌ ကျင်းပသည်။
ပွင့်ဖြူမြို့နယ်၌ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစေရန် ရေအရင်းအမြစ် စစ်တမ်းကောက်ယူခြင်း လုပ်ငန်း ကွင်းဆင်းဆောင်ရွက်လျက်ရှိ
Mar 13,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာ များတွင် ဒေသခံကျေးလက်နေ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် ရည်ရွယ်ပြီး မြို့နယ်ရုံးဝန်ထမ်းများက အဖွဲ့(၂)ဖွဲ့ဖြင့် ကျေးရွာများသို့ ကွင်းဆင်းသွားရောက်ပြီး ရေအရင်းအမြစ် စစ်တမ်းကောက်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။
ညောင်တုန်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ (သင်္ချာဘာသာရပ်) ကို ကျောင်းသား၊ ကျောင်းသူ များ လာရောက်ဖြေဆိုလျက်ရှိ
Mar 13,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (သင်္ချာဘာသာရပ်) ကို ယနေ့နံနက် ၉ နာရီမှ စတင်ဖြေဆိုကာ ကျောင်းသား၊ ကျောင်းသူများ လာရောက် ဖြေဆိုကြသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်း ဆင်းပွဲ
Mar 13,2020
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ရေးမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း သင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် (၁) ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင် အဆိုပါသင်တန်းကျောင်း သင်တန်းခန်းမ၌ ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်း တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။