ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာများနှင့် Volunteer များအတွက် စားသောက်ဖွယ်ရာများလှူဒါန်း

ပေါက်ခေါင်း ဇူလိုင် ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့ပေါ်ရှိ ကိုဗစ်-၁၉ ကုသရေးစင်တာများတွင် တက်ရောက် ကုသနေသော အတည်ပြု လူနာများနှင့် လူမှုကူညီရေးအဖွဲ့ဝင်များကို မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများမှ အလှူရှင်များက နံနက်စာ၊‌ နေ့လယ်စာနှင့် ညစာများ၊‌ ရေသန့်ဘူးကဒ်များ၊ အားဖြည့်အချိုရည်များနှင့် အလှူ‌ငွေများကို လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများကို ပေါက်ခေါင်းမြို့ ပြည်သူ့ဆေးရုံ၊ တောင်လည်တိုက်နယ်ဆေးရုံ၊ ဓမ္မသော် တိုက်နယ်ဆေးရုံ၊ အိုးဘိုကုန်း(ကထက)ကျောင်းနှင့် မြို့နယ် အားကစားခန်းမတို့တွင် ထားရှိကုသပေးပြီး Quarantine Centre များအဖြစ် အမှတ်(၁)အထက ကျောင်းတွင် ထားရှိဆောင်ရွက်လျက်ရှိသည်။

ပေါက်ခေါင်းမြို့နယ်တွင် ဇူလိုင်လ(၁၅)ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၈၅)ဦး၊ ဆေးရုံ ဆင်းခွင့်ရရှိသူ(၂၂)ဦး၊ သေဆုံးသူ (၁)ဦး၊ ဆေးရုံတွင် ဆေးကုသမှုခံယူနေသူ(၁၆၂)ဦးရှိကြောင်း သိရ သည်။