စစ်တွေ ဇူလိုင် ၁၆
ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ စစ်တွေမြို့ပေါ်ရှိ တိုက်ပွဲရှောင်စခန်းများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများအား ယမန်နေ့က သွားရောက်ထောက်ပံ့ပေးခဲ့ ကြောင်းသိရ သည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများကို စစ်တွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများက စစ်တွေမြို့၊ မဏိရတနာ ဘုန်းတော်ကြီးကျောင်း၊ ဥဿလင်းဘုန်းတော်ကြီးကျောင်းတိုက်နှင့် အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်းတိုက်ရှိ တိုက်ပွဲ ရှောင်ပြည်သူများအတွက် သွားရောက်ထောက်ပံ့ပေးခြင်းဖြစ်သည်။ ၎င်းတိုက်ပွဲရှောင်စခန်း များတွင် တိုက်ပွဲရှောင်အိမ်ထောင်စု ၁၄၁ တစ်စုရှိပြီး အဆိုပါ အိမ်ထောင်စုများအတွက် ကာပိုလိုက်ဆပ်ပြာ၊ လက်သန့်ဆေးရေနှင့် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များကို ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲရှောင်များ နေရပ်ပြန်လည်ပို့ဆောင်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် (၃)၊ ဦးသန်းထွန်းက “တိုက်ပွဲရှောင်စခန်းတွေမှာ ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးနိုင် ရေးအတွက် အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ လက်ဆေးဖို့ အတွက် ကာပိုလိုက် ဆပ်ပြာခဲတွေ၊ လက်သန့် ဆေးရေတွေနဲ့ ပါးစပ်နှင့်နှာခေါင်းစည်း(Mask)တွေကို တိုက်ပွဲရှောင်စခန်း တွေ ကို ဖြန့်ဝေပေးနေပါတယ်၊ ဆက်လက်ပြီးတော့လည်းဖြန့်ဝေ ပေးဖို့လည်းလုပ်ဆောင်နေပါတယ်၊ နောက်တစ်ခါ လူတစ်ယောက်ချင်းစီ အတွက် ကိုဗစ်-၁၉ ရောဂါမပြန့်ပွားရေး၊ မကူးစက်နိုင်ရေးအတွက် လူတစ်ယောက်ချင်းစီမှာ အခြေခံအကျဆုံး လိုက်နာဆောင်ရွက် ရမဲ့၊ နေထိုင်ရမဲ့ဟာတွေကို လိုက်နာဖို့အတွက် ကျွန်တော်တို့ အသိပညာပေးရေးလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက် လျက်ရှိပါတယ် ဒါတွေကို ပြည်သူအားလုံးက လိုက်နာလုပ်ဆောင်သွားကြမယ်ဆိုရင် ကိုဗစ်ရောဂါကာ ကင်းဝေးနိုင်မှာဖြစ် ပါတယ်”ဟုပြောသည်။
ထို့အပြင် ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးပစ္စည်းများကို မြို့နယ် အလိုက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းသိရသည်။
တင်ထွန်း