ရန်ကင်း ဇူလိုင် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ခံစားနေရသည့် လူနာများအတွက် ကူညီကုသရေးလုပ်ငန်းများတွင် အသုံးပြု နိုင်ရန် အသက်ကယ်(လေ) အောက်စီဂျင်အိုးများ ဝယ်ယူနိုင်ရန်အတွက် အောက်စီဂျင်(လေ) အလှူရှင်များမှ အလှူငွေများကို ယမန်နေ့ နံနက်ပိုင်းက မိုးစေတနာပရဟိတ(ရန်ကုန်)သို့ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
မိုးစေတနာ ပရဟိတလူမှုကူညီရေးအသင်းအနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ၊ ထိတွေ့ လူနာ၊ သံသယလူနာများအား ရန်ကင်းမြို့နယ် မိုးစေတနာပရဟိတလူမှု ကူညီရေးအဖွဲ့နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာဆေးရုံ၊ Quarantine Centre များသို့ နေ့စဉ်ခေါ်ယူ ပို့ဆောင်ပေး လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အောက်စီဂျင်အိုးများ ဝယ်ယူ နိုင်ရန်အတွက် ရန်ကင်းမြို့နယ်အမှတ် ၁၆ ရပ်ကွက်နေ သာယာရွှေပြည် အိမ်ယာမှ ကွယ်လွန်သူ ဦးတီတီအား ရည်စူး၍ လှူဒါန်းငွေကျပ်(၂)သိန်း၊ ကိုတင်ထွန်း+မအိသီရီကြူ (တရားလွှတ်တော်ရှေ့နေ) မိသားစုမှ လှူဒါန်းငွေ ကျပ်(၁)သိန်း၊ ရန်ကင်းမြို့နယ် ရန်ရှင်းလမ်းနေ ဒေါ်ခိုင်ညိုသန်း မိသားစုမှ လှူဒါန်းငွေကျပ်(၁)သိန်း၊ ရန်ကင်းမြို့နယ်အမှတ်(၁၃)ရပ်ကွက်နေ ဒေါ်သန်းတင်ဦး မိသားစုမှ လှူဒါန်းငွေကျပ် (၁)သိန်း၊ ရန်ကင်းမြို့နယ် အမှတ် (၁၃)ရပ်ကွက်နေ ကိုအောင်သူရ၊ မချစ်ချစ်သွေး မောင်နှစ်မတစ်စုမှ လှူဒါန်းငွေကျပ်(၆)သောင်း၊ သင်္ဃန်းကျွန်းမြို့နယ် ဇဗ္ဗူထိပ်လမ်း အင်ကြင်း အလှပြင် ဆိုင်မှ လှူဒါန်းငွေကျပ် (၅)သောင်းတို့အား လာရောက်လှူဒါန်းရာ မိုးစေတနာပရဟိတ ပရဟိတ လူမှုကူညီရေးအသင်း(ရန်ကုန်)မှ တာဝန်ရှိသူ တစ်ဦးက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ ကြောင်းနှင့် ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ် မိုးစေတနာ ပရဟိတအဖွဲ့အနေဖြင့် ပုံမှန်လူမှုကူညီရေး လုပ်ငန်းများနှင့်အတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်း များကို အရှိန်အဟုန်မြှင့် ပါဝင်ပူးပေါင်းဆောင်ရွက် လျက်ရှိသည့်အပြင် သဘာဝဘေး အန္တရာယ်များ ဖြစ်ပေါ်ပါကလည်း အချိန်နှင့် တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ မိုးစေတနာ ပရဟိတအသင်း(ရန်ကုန်) သည် ပြည်သူ့အကျိုးပြု လုပ်ငန်းများဖြစ်သည့် အသက်ကယ်ခြင်း လုပ်ငန်း များကို ကူညီဆောင်ရွက်ပေးလျက်ရှိသည့်အတွက် အသက်ကယ် အောက်စီဂျင်(လေ) အတွက် လှူဒါန်းလိုပါက ဖုန်း ၀၉-၅၄၀၃၅၂၉ ဒေါ်ခင်မြအေး (အသင်းဥက္ကဋ္ဌ) သို့ ကာလဒါန အကျိုး၊ လေအလှူတော်များ ဆက်သွယ်လှူဒါန်း နိုင်ကြောင်း သိရသည်။
လှလှထွေး