သတင်းများ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် သုံးမိုင် ပရဟိတကျောင်းရှိကျောင်းသား / သူများအတွက် သင်ထောက်ကူဆိုင်ရာ ပစ္စည်းများ ထောက်ပံ့ပေးအပ်
Jul 21,2021
ရခိုင်ပြည်နယ်  မောင်တောမြို့၌  ပြည်ထဲရေးဝန်ကြီးဌာန ၊ မောင်တောမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန  ၊ မိသားစုစည်းရုံးရေး နှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ (၃) မိုင် ဘုန်းတော်ကြီးသင် ပညာရေး ပရဟိတကျောင်း ရှိကျောင်းသား/သူများအတွက် သင်ထောက် ကူဆိုင် ရာ ပစ္စည်းများ ထောက်ပံ့ခြင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ ညွန် ကြားချက်များနှင့်အညီ ဇူလိုင် ၁၉  ရက်နေ့  နေ့လယ်  ၂ နာရီအချိန်ခန့်က အဆိုပါ ကျောင်းတွင် ထောက်ပံ့ ပေးခဲ့ ကြောင်း သိရသည်။ 
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  လောက်ကိုင်မြို့နယ်အတွင်း  covid-19ရောဂါဖြစ်ပွားမှုအခြေအနေ  အတည်ပြုလူနာ စုစုပေါင်း ၂၂၃၃ ဦးရှိ
Jul 21,2021
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်အတွင်း ၂၀၂၁ခုနှစ် ဇွန်လ ၁၆ ရက်နေ့မှ ဇူလှိုင်လ ၂၀ ရက်နေ့ ၊ ညနေ (၁၇၀၀) နာရီ အချိန်ထိ COVID – 19 ရောဂါ ပိုးတွေ့ရှိမှုအခြေအနေမှာ COVID – 19 Positive အတည်ပြုလူနာ ယခင် ၂၂၃၃ ဦး ၊ ယနေ့ ၄၈ ဦး စုစုပေါင်း ၂၂၈၁ ဦး၊ ဆေးရုံတက်ကုသကာရောဂါပျောက်ကင်း၍ ဆေးရုံဆင်းသူ ယခင် ၁၂၆၃ ဦး ၊  ယနေ့၁၄၁ ဦး ၊  စုစုပေါင်း ၁၄၀၄ ဦး ၊ ယခင်အထိ သေဆုံးသူ  ၆ ဦး ၊ ယနေ့အထိ သေဆုံးသူ ၁ ဦး ၊စုစုပေါင်း သေဆုံးသူ ၇ ဦး ၊ လက်ရှိအတည်ပြုလူနာပေါင်း ၈၇၀ ဦး ၊လက်ရှိထိ တွေ့ဆက်စပ်သူ စုစုပေါင်း ၉ ဦး ဖြစ်ပါသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူး၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Jul 21,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် (၁၀) နာရီက ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူး၍ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲ ကျင်းပသည်။
ကျိုင်းတုံမြို့၌ ကိုဗစ်(၁၉) ရောဂါကာကွယ်ထိန်းချုပ်ရေး ပြည်သူများအား အသိပေးနှိုးဆော်
Jul 21,2021
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ကိုဗစ်(၁၉)ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း များအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဌာနဆိုင်ရာအဖွဲ့အစည်းများက အသံချဲ့စက်ဖြင့် မြို့ပေါ်ရပ်ကွက်အတွင်း အသိပညာပေးနှိုးဆော်ခြင်းကို ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မိုင်းယောင်း၌ ကိုဗစ်-၁၉ ကုသထိန်းချုပ်နိုင်ရန် တိုက်တွန်းနှိုးဆော်
Jul 21,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကို ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရန် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဆော်ဩ အသိပညာပေးရေးအဖွဲ့က ဇူလိုင် ၂၀ ရက်တွင် ရောဂါကာကွယ်ရေးလုပ်ငန်းများကို အသံချဲ့စက်ဖြင့် တိုက်တွန်းနှိုးဆော်ခဲ့သည်။
ပြည်သူများအတွက် Liquid  oxygen များ ဝယ်ယူရန်နှင့် ကိုဗစ် - ၁၉ ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေးလုပ်ငန်း များတွင် အသုံးပြုရန် အလှူရှင်ပြည်သူများက အလှူငွေများလှူဒါန်း
Jul 21,2021
ဆေးရုံများနှင့် ကိုဗစ် ၁၉ ကုသရေးစင်တာများအတွက် လိုအပ်နေသော  Liquid    oxygen များ ဝယ်ယူရန်နှင့် ကိုဗစ်   - ၁၉ ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေများ ပေးအပ်လှူဒါန်း ခြင်းကို ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး မင်္ဂလာခန်းမတွင် ယနေ့ နံနက် ၁၀ နာရီခွဲ၌ ကိုဗစ် -၁၉ လမ်းညွှန်ချက်များ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကျင်းပသည်။
ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပရဟိတဘာသာရေးကျောင်းများနှင့် မိဘမဲ့ဂေဟာ (၄၂)ခုတို့အတွက် အခြေခံစားသောက်ကုန်၊ ဆေးဝါးများထောက်ပံ့ခြင်းနှင့် ကိုဗစ်-၁၉ အတည်ပြုလူနာ များအား သီးသန့်ထားနိုင်ရေး ကြည့်ရှုစစ်ဆေး
Jul 21,2021
ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီက ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုနှုန်းမြင့်မားလာသည့်အတွက် Stay at Home အစီအစဉ်တွင် မြစ်ကြီးနားမြို့နယ်အား ပါဝင်လာပြီးနောက် မြို့နယ်အတွင်းရှိ စားသောက်မှုအခက်အခဲရှိသော ပရဟိတဘာသာရေးကျောင်း(၃၄)ကျောင်းနှင့် မိဘမဲ့ဂေဟာ (၈)ခုတို့ အတွက် အခြေခံစားသောက်ကုန်၊ ဆေးဝါးများနှင့် နှာခေါင်းစည်း Mask များကို ထောက်ပံ့ပေးအပ် ခြင်းနှင့် ကိုဗစ် - ၁၉ အတည်ပြုလူနာများအား သီးသန့်ထားရှိနိုင်ရေးအတွက် နေရာများ ပြင်ဆင် ဆောင်ရွက်နိုင်ရေး ယမန်နေ့ နံနက်ပိုင်းတွင် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ Quarantine Centre များသို့ ကြည့်ရှုစစ်ဆေး
Jul 21,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးညီနပ်သည် အဖွဲ့ဝင်များလိုက်ပါလျက် ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က Quarantine Centre ဖွင့်လှစ်ထားရှိသည့် မြို့မအားကစားကွင်း မိုးလုံလေလုံအားကစားရုံတွင် သွားရောက်ကြည့်ရှုစစ်ဆေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးရဲဝင်းထိုက်က (Positive)လူနာများ ထားရှိရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေ၊ အသွားအလာကန့်သတ်ထားသည့် ဇူလိုင်လ ၂၂ ရက်နောက်ပိုင်း ပြန်လည်ဝင်ရောက်လာမည့် ဒေသခံများအား ကျန်းမာရေးဆေးစစ်ဆေးရန်စီမံဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့သည်။ ဥက္ကဌဦးညီနပ်က လိုအပ်ချက်များကို ‌ပေါင်းစပ်ညှိနှိုင်းပေးပြီး Quarantine Centre တာဝန်ကျဝန်ထမ်းများအား အဟာရအားဖြည့်အချိုရည်များ ထောက်ပံ့ပေးအပ်ခဲ့သည်။