သတင်းများ

တောင်ကုတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် Mask  တပ်ဆင်အပြင်ထွက်မှုရှိမရှိစစ်ဆေး
Jul 21,2021
 ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချူပ်ရေး လုပ်ငန်း များကို  အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီအချိန်တွင် ကံပိုင်ရပ် ကွက်၊ ဂူတာရပ်ကွက် သိမ်တောင်ရပ်ကွက်၊ ကိုင်းရှည်ကျေးရွာ လမ်းဆုံများနှင့် မြို့ပေါ်ရပ် ကွက်များအတွင်း လှည့်လည်၍ ကိုဗစ်-၁၉ အသိပညာပေး​လုက်ငန်းများနှင့် နှာခေါင်းစည်း Mask များ တပ်ဆင် အပြင်ထွက်/ မထွက် စစ်ဆေးဆောင်ရွက်ခဲ့သည်။
မကွေးခရိုင်အတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးနှိုးဆော်
Jul 21,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်အတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ရောဂါအသိပညာပေး နှိုးဆော် ချက်များ ရောဂါကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လူမှုရေးအသင်းအဖွဲ့များအား ထောက်ပံ့ငွေ ပေးအပ်ပွဲကျင်းပ
Jul 21,2021
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည် တန်ခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်အတွင်းကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင်ကူညီဆောင်ရွက်ပေးသည့်လူမှုရေးအသင်းအဖွဲ့များအား ထောက်ပံ့ငွေများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟိုပန်မြို့ရှိ Quarantine Centre များတွင် အသုံးပြုရန် ကုတင်နှင့်အစားအသောက်များ ထောက်ပံ့ပေးအပ်
Jul 21,2021
 “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊  ဟိုပန်ခရိုင်၊ ဟိုပန်မြို့ရှိ Quarantine Centre များတွင် အသုံးပြုရန်အတွက် ကုတင်နှင့်အစားအသောက်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀နာရီက ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းမာပင်မြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jul 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူ(၅၅ )ဦးထပ်မံတွေ့ရှိ
Jul 21,2021
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့ဆက် စပ်သူများ၊ ဖျားနာခြင်း၊ အသက်ရှုကြပ်ပြီး၊ ချောင်းဆိုးခြင်းတို့ကြောင့် နွားထိုးကြီးမြို့၊ ပြည်ဆေးရုံသို့ လာရောက်၍ (RDT ) ဖြင့် ယမန်နေ့ ညနေပိုင်းတွင်လာရောက်စစ်ဆေးရာ ကိုဗစ်- ၁၉ ရောဂါပိုး ထပ်မံတွေ့ရှိကြောင်း သိရသည်။                                                        
ဖားကန့်မြို့နယ်၌ ကုတင်(၅၀)ဆံ့မြို့နယ်ပြည်သူ့ဆေးရုံ ပြန်လည်ဖွင့်လှစ်
Jul 21,2021
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ကုတင်(၅၀)ဆံ့မြို့နယ်ပြည်သူ့ဆေးရုံ ပြန်လည်ဖွင့်လှစ်သည့် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ၌ကျင်းပရာ ခရစ်ယာန်ဘာသာ ဂိုဏ်ပေါင်းစုံဆရာတော်အသင်းဥက္ကဋ္ဌ ဦးဘီတူးဂျာကဆုတောင်ပေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်က အဖွင့်အမှာစကားပြောကြားသည်။
ထီးချိုင့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jul 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပြန့်ပွားမှု ထိန်း ချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။