သတင်းများ

မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ အောက်စီဂျင်ဓာတ်ငွေ့ထုတ်လုပ် သည့် စက်ထားရှိမည့် မကွေးမြို့ ကားကြီးကွင်းအတွင်းရှိ မြေနေရာအား သွားရောက် ကြည့်ရှု
Jul 21,2021
မကွေးတိုင်းဒေသကြီး ၊ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၉ နာရီအချိန်က တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ မကြာမီရောက်ရှိလာတော့မည့် အောက်စီဂျင်ဓာတ်ငွေ့ထုတ်လုပ်သည့် စက်တားရှိရန် မကွေးမြို့ ကာကြီးကွင်းအတွင်းရှိ မြေနေရာအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး အဆောက်အဦး အမြန်ဆောက် လုပ်နိုင်ရေး၊ လျှပ်စစ်မီးရရှိရေး ကိစ္စရပ်များကို  အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ရန် မှာကြား ခဲ့သည်။
မိုင်းဆတ်မြို့၌ အောက်ဆီဂျင်ထုတ်စက်ဝယ်ယူနိုင်ရေး အလှူငွေများ ပေးအပ်လှူဒါန်း
Jul 20,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ တစ်ရက်လျှင်(၁၅)လီတာဆံ့ စလင်ဒါအလုံး(၄၀) ထုတ်လုပ် ပေးနိုင်သည့် ကျပ်သိန်း(၈၀၀)တန် အောက်ဆီဂျင်ထုတ်စက်ဝယ်ယူနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ ရပ်မိ ရပ်ဖများနှင့် အလှူရှင်များက အလှူငွေများပေးအပ် လှူဒါန်းလျက်ရှိကြောင်းသိရသည်။
တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အောက်စီဂျင်အိုးများ လှူဒါန်း
Jul 20,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရန် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူများ ပူးပေါင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိရာ အောက်စီဂျင်အိုးများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နေ့လည် ၁ နာရီက မြို့နယ်အရန်မီးသတ်တပ်ရင်းရုံး၌ ကျင်းပသည်။
ကရင်ပြည်နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ(၆/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jul 20,2021
ကရင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ (၆/၂၀၂၁)ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခန့်က ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေး ခန်းမ(၂)၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး နှင့် မော်လမြိုင်မြို့သို့ ပို့ဆောင်မည့် အောက်ဆီဂျင်အရည်များ သယ်ဆောင် လာသည့် မော်တော်ယာဉ် ၂ စီး မြဝတီနယ်စပ်မှထွက်ခွာ
Jul 20,2021
ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် အတွက် အောက်ဆီဂျင် အပါအဝင် ကိုဗစ်အထောက်ကူပြုဆေးနှင့်ပစ္စည်းများ တင်သွင်းမှုကို မြဝတီနယ်စပ်မှ တစ်ဆင့် တင်သွင်းခွင့်ပြုပေးလျက်ရှိရာ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်မည့် အောက်ဆီဂျင် အရည် တန် ၂၀ သယ်ဆောင်လာသော မော်တော်ယာဉ်သည် ယနေ့ မွန်းလွဲ ၁ နာရီက မြဝတီ ကုန်သွယ်ရေးဇုန်မှ ထွက်ခွာသွားကြောင်း သိရသည်။
နာဂဒေသလေရှီးမြို့၌ မြို့နယ်လုံးဆိုင်ရာ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း
Jul 20,2021
စစကိုင်းတိုင်းဒေသကြီးနာဂ ကိုပိုင်အုပ်ချုပ်ခွင့်ရ ဒေသလေရှီး​မြို့တွင် မြို့နယ်လုံးဆိုင်ရာဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို ထေရဝါဒဗုဒ္ဓဘာသာ သာသနာပြုဗဟိုကျောင်းတိုက်၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ဆည်မြို့နယ်တွင် အောက်ဆီဂျင်စက်ရုံ စတင်တည်ဆောက်လျှက်ရှိ
Jul 20,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြိုနယ်တွင် အောက်ဆီဂျင်လိုအပ်မှုများ ဖြည့်ဆည်းပေးနိုင်ရေး ကြက်မင်းတွန်ရပ်ကွက် ရွှေစေတီကျောင်းတိုက်အတွင်း ဆရာတော်ဘဒ္ဒန္တပညာသာမိ ဦးဆောင်မှုဖြင့် စေတနာရှင်၊ အလှူရှင်များ၏ ထည့်ဝင်ငွေများဖြင့် ဇူလှိုင်(၁၄)ရက်နေ့က စတင်ပြီး အောက်ဆီဂျင် စက်ရုံ ဆောက်လုပ်လျှက်ရှိကြောင်း သိရှိရသည်။
နမ့်ခမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများ အသုံးပြုရန် အောက်စီဂျင် ဝယ်ယူနိုင်ရေး အလှူငွေများ လှူဒါန်း
Jul 20,2021
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်ရှိ ကုတင်(၁၀၀)ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသလျက် ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများ အသုံးပြုရန် အောက်စီဂျင် ဝယ်ယူရေးအတွက် မြို့နယ်အတွင်း နှင့်ပြည်ပမှ အလှူရှင်များက ယနေ့နံနက်ပိုင်းတွင် နမ့်ခမ်းမြို့ ကုတင်(၁၀၀) ပြည်သူ့ဆေးရုံသို့ လာရောက် လှူဒါန်းပေးလျက် ရှိကြောင်း သိရသည်။