သတင်းများ

ပုလောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန် ကျန်ရှိသူ(၁၁၆)ဦးကို ဆေးထိုးနှံပေး
Jul 27,2021
ပုလောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန် ကျန်ရှိသူ(၁၁၆)ဦးကို ဆေးထိုးနှံပေး
ငဖဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိ နှိုင်းအစည်းအဝေးကျင်းပ
Jul 27,2021
မကွေးတိုင်းဒေသကြီး ၊မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှု လျော့နည်းလာ စေရေး၊ ပိုမိုကူးစက်ပျံ့ပွားမှုမရှိစေရေးနှင့် Positive Centre များ ထပ်မံဖွင့်လှစ်ထားရှိနိုင်မည့် နေရာများ အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဝေါမြို့နယ်ရှိ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူများအား ကုသပေးနိုင်ရန်အတွက် အောက်စီဂျင်အိုးများ လာရောက်လှူဒါန်း
Jul 27,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ကြလဟာကျေးရွာအုပ်စု၊ ဦးမိုးစုကျေးရွာရှိ လောက ဓာတုကျောင်းတိုက် ဆရာတော်ဥူးတေဇနန္ဒ ဦးဆောင်သော ရန်ကုန်မြို့မှ အလှူရှင်များက ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူများအား ကုသပေးနိုင်ရန်အတွက် Oxygen Concentrator 5L(၁၅)လုံးကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံသို့ လှူဒါန်းခြင်း ကို ယမန်နေ့ ညနေပိုင်းက မြို့တော်ခန်းမ၌ ကျင်းပသည်။
ချောင်းဦးမြို့နယ် ပြည်သူ့ဆေးရုံကြီး ပြန်လည်ဖွင့်လှစ်
Jul 27,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ပြည်သူ့ဆေးရုံကြီးကို   ယမန်နေ့ နံနက် ( ၁၀) နာရီက အမှတ် (၄) တပ်မတော်ဆေးရုံ ကုတင် (၃၀၀) ၏ ကူညီမှုဖြင့် ပြန်လည်ဖွင့်လှစ်  ဖြစ်ကြောင်း သိရသည်။
မကွေးခရိုင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံဆွေးနွေး
Jul 27,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန် ရေးကော်မတီ ဥက္ကဋ္ဌ သည် မကွေးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းစဉ် များနှင့်ပတ်သက်၍ ယမန်နေ့ နေ့လယ်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးများအား ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရေဖြူမြို့နယ်တွင် ဇွန်လ နောက်ဆုံးအပတ်ကကာကွယ်ဆေး ထိုးနှံထားသည့်သူများအား ဒုတိယအကြိမ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Jul 27,2021
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင် မြို့နယ်အတွင်းရှိ ဇွန်လ နောက်ဆုံးအပတ် အတွင်း ကာကွယ်ဆေး ထိုးနှံထားသောသူများအား ယနေ့နံနက် ၈ နာရီတွင်ရေဖြူမြို့နယ် ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းမှ စေတနာလုပ်အားရှင်များမှ ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်
Jul 27,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် မြို့နယ်ကြက်ခြေနီအသင်းအနေဖြင့် မြို့နယ်အတွင်း အရေးပေါ်လူနာများအားဆေးရုံများသြို အချိန်မီပို့ဆောင်ပေးခြင်း၊ ကိုဗစ်-၁၉ ကူးစက်လူနာများအား Quarantine Center များသို့ ပို့ဆောင်ပေးခြင်းတို့ကို ကူညီဆောင်ရွက် ပေးလျက်ရှိရာ မြို့နယ်ကြက်ခြေနီအသင်းမှ တပ်ဖွဲ့ဝင်များသည် ယမန်နေ့က အရေးပေါ် လူနာများနှင့် ကိုဗစ်-၁၉ Positive လူနာများအား သတ်မှတ်နေရာများသို့ ကူညီပို့ဆောင်ပေး ခဲ့ကြောင်း သိရသည်။
လှည်းကူးမြို့နယ်၌ အောက်ဆီဂျင်လိုအပ်သည့် လူနာများအသုံးပြုရန်အတွက် အောက်ဆီဂျင်အိုးများ ဖြန့်ဝေ
Jul 27,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ် ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ထုတ်ယူရရှိသော အောက်ဆီဂျင်အိုးများကို မြို့နယ်အတွင်းရှိ အောက်ဆီဂျင်အမှန်တစ်ကယ် လိုအပ်လျက်ရှိသောနေရာများသို့ ယမန်နေ့ မွန်းလွဲပိုင်းက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်အောက်ဆီဂျင် ထောက်ပံ့ရေးအဖွဲ့ထံမှ သိရသည်။