သတင်းများ

သဲကုန်းမြို့နယ် ဆင်မြီးဆဲမြို့၌ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
Jul 21,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့၊ ခေတ်သစ်ရတနာ ရပ်ကွက်တွင် ယမန်နေ့ည ၉ နာရီခွဲအချိန်က နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
မအီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် လိုက်နာရမည့် သတ်မှတ် စည်းကမ်း များကို အသံချဲ့စက်ဖြင့် မြို့တွင်းသို့  လှည့်လည်ကြေညာခြင်းနှင့် နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာခြင်း ရှိ/မရှိ လိုက်လံစစ်ဆေး
Jul 21,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကိုဗစ်-၁၉ နှင့်ပတ်သက်၍ လိုက်နာရမည့် သတ်မှတ် စည်းကမ်းများကို အသံချဲ့စက်ဖြင့် မြို့တွင်းသို့လှည့်လည် ကြေညာခြင်းနှင့် နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာခြင်း ရှိ/မရှိ လိုက်လံ စစ်ဆေးခြင်း တို့ကို မအီမြို့၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန့်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပုနှင့် ပူးပေါင်းအဖွဲ့သည် ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
အိမ်မဲမြို့နယ်တွင် Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အသိပညာပေး လိုက်လံနှိုးဆော်
Jul 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော် မတီနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်ချက်များကို အသံချဲ့စက်ဖြင့် လိုက်လံဆောင်ရွက်နေ ကြောင်း သိရသည်။
ပေါက်ခေါင်း မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Jul 21,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်း မြို့နယ်တွင် ဇူလိုင်လ ၂ရက် နေ့မှစ၍ ကိုဗစ်- ၁၉ အတည်ပြု လူနာ (၁)ဦး စတင်တွေ့ရှိခဲ့ရာ ဇူလိုင်လ ၂၀ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြု လူနာ (၃၄၅) ဦးအထိ မြင့်တက်လာကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဟိုပုံးမြို့နယ်၌ Quaratine Centre ထားရှိမည့်နေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 21,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် Quaratine Centre ထားရှိမည့်နေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယနေ့နံနက် ၁၁နာရီက Quaratine Centre ထားရှိမည့် နောင်တောင်းဗုဒ္ဓကောလိပ်သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရသည်။
ဂွမြို့တွင် နေအိမ်အပြင်ထွက်လျှင် ပါးစပ်၊ နှာခေါင်းစည်း (Mask) များ တပ်ဆင်ခြင်းရှိ/မရှိ ရှောင် တခင်စစ်ဆေးခြင်းနှင့် အသံချဲ့စက်ဖြင့် အသိပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် 
Jul 21,2021
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ယာယီပျံကျစျေးနှင့် လမ်းဆုံများတွင် ခရီးသွားပြည်သူများနှင့် နေအိမ်ပြင်ပ ထွက်ခွာသွားလာသူများအား ပါးစပ်၊ နှာခေါင်းစည်း (Mask) များ တပ်ဆင်ခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်းနှင့် အသံချဲ့စက်ဖြင့် အသိပညာ ပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထန်းတပင်မြို့နယ်တွင်  ကိုဗစ် -၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန်အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Jul 21,2021
ပဲခူးတိုင်းဒေသကြီး   တောင်ငူခရိုင်   ထန်းတပင်မြို့နယ်၌ မြို့နယ်အတွင်း  ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ ထန်းတပင်မြို့နယ် ကိုဗစ်-၁၉  ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ မြို့မဈေးကြီးအတွင်း ရောင်းချလျက်ရှိသော ကုန်စိမ်း၊သား၊ငါးနှင့် ပျံကျ ဆိုင်များအားနှာခေါင်းစည်းများ တပ်ဆင်ရောင်းချနေမှုများကို ယနေ့နံနက် ၉ နာရီက ကြည့်ရှု စစ်ဆေးခဲ့သည်။
ပူတာအိုမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို အသံချဲ့စက်ဖြင့်လိုက်လံအသိပေးနှိုးဆော်
Jul 21,2021
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ပူတာအိုမြို့နယ်တွင် ယခုလ ရက်ပိုင်းအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများလာခြင်းကြောင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင် ဦးဆောင်မှုဖြင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစိုးမိုးနိုင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတိတုနှင့် တပ်ဖွဲ့၀င်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုရဲအုပ် နေသာအောင်နှင့် တပ်ဖွဲ့၀င်များ ပူးပေါင်းကာ ယနေ့ နံနက်(၉)နာရီမှစတင်၍ မြို့ပေါ်ရပ်ကွက်များရှိ လူအသွားအလာများသည့် လမ်းဆုံလမ်းခွများတွင် အသံချဲ့စက်ဖြင့် လိုက်လံအသိပညာပေးနိူးဆော်ခဲ့ကြသည်။