သတင်းများ

တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ် ရေးပြည်သူများ လိုက်နာနိုင်ရေး အသိပညာပေး လိုက်လံနိူးဆော်
Jul 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ရပ်ကွက်၊ ကျေးရွာများအတွင်း မော်တော်ယာဉ်ဖြင့် ယမန်နေ့ နံနက်ပိုင်းတွင် လိုက်လံ အသိပေးနိူးဆော်လျက်ရှိကြောင်း သိရသည်။
ဘားအံမြို့တွင် နေအိမ်အပြင်ထွက်လျှင် ပါးစပ်၊ နှာခေါင်းစည်း (Mask) များ တပ်ဆင်ခြင်းရှိ/မရှိ ရှောင် တခင်စစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Jul 21,2021
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် အမှတ်(၁) အဆင့်မြင့် စံပြဈေး၊ ဖိုးလမင်းကုန်တိုက်ရှေ့၊ အ-ထ-က (၄) ကျောင်းရှေ့၊ မြို့နယ်စုပေါင်းရုံးရှေ့၊ သံလွင် တံတား အနီး၊ မဲဘောင်ဈေးစသည့် နေရာများတွင် ခရီးသွားပြည်သူများနှင့် နေအိမ်ပြင်ပထွက်ခွာ သွားလာ သူများအား ပါးစပ်၊ နှာခေါင်းစည်း (Mask) များ တပ်ဆင်ခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်း၊ အသိပညာ ပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးနှင့် ပက်သက်ပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် မြို့ကိုယ်စားလှယ်တွေ့ဆုံ
Jul 21,2021
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးနှင့် ပက်သက်ပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် မြို့ကိုယ်စားလှယ်များတွေ့ဆုံပွဲကို ယနေ့နေ့လယ် ပိုင်းက  ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မိုင်းတုံမြို့၌ ကိုဗစ်အတည်ပြုလူနာ(၅)ဦး ကျန်းမာရေးကောင်းမွန်လာသဖြင့် နေရပ်ပြန်ခွင့်ပြု
Jul 21,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြည်သူ့‌ဆေးရုံတွင် ဆေးကုသမှုခံယူနေ သော ကိုဗစ်အတည်ပြုလူနာ(၅)ဦးသည် ကျန်းမာရေးပြန်လည်‌ ကောင်းမွန်လာသဖြင့် ယမန်နေ့ နံနက် (၁၁)နာရီခွဲက နေရပ်ပြန်ခွင့်ပြုခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဌာနမှသိရသည်။
နေပြည်တော်ရှိ မန်းရှင်အောက်စီဂျင်စက်ရုံ ပြန်လည်စတင်လည်ပတ်
Jul 21,2021
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ ရွှေအင်ကြင်းရပ်ကွက်၊ မိုးသောက်ပန်းလမ်းနှင့် ရှုမဝလမ်းထောင့်ရှိ မန်းရှင်အောက်ဆီဂျင်စက်ရုံကို ၂၀.၇.၂၀၂၁ ရက်နေ့တွင် လုပ်ငန်းများ ပြန်လည်စတင် လည်ပတ်လျက်ရှိကြောင်း သိရှိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုင်းယောင်း-မိုင်းယုကားလမ်းမပေါ်ရှိ ကွန်ကရစ်တံတားအမှတ် ၁/၂၀ ရေတိုက်စားကာ ပြိုကျမှုဖြစ်ပွား
Jul 21,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် နယ်စပ်ဒေသ မိုင်းယုမြို့ တာကြန့်ကျေးရွာ အုပ်စု နမ့်ကုတ်ကျေးရွာအနီး မိုင်းယောင်း-မိုင်းယုကားလမ်းမပေါ်ရှိ ကွန်ကရစ်တံတားအမှတ် ၁/၂၀ တံတား တစ်စင်းသည် ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရေတိုက်စားကာ ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ်တွင် အောက်စီဂျင်ထုတ်စက်ရုံတည်ဆောက်မည်
Jul 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် လတ်တလော ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း၌ ကိုဗစ်လူနာများနှင့် အောက်စီဂျင် အသုံးပြုနေရသူများ၊ အောက်စီဂျင် လိုအပ်ချက် များပြားလာသဖြင့် အရေးပေါ် လွယ်ကူအဆင်ပြေစွာ ရရှိအသုံးပြုနိုင်ရန် တွံတေးမြို့နယ် စိတ္တသုခ ကုသိုလ်ပြုအသင်းမှ ရွှေ့ပြောင်းလို့ရသော ကွန်တိန်နာနှင့်လာသော Mobile Oxygen Plant အောက်စီဂျင်ထုတ်စက်ရုံ တစ်ရုံတည်ဆောက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ မှာယူထားသည့်[TP1]  အောက်စီဂျင်အိုး(၃၀)လုံးထပ်မံ​ရောက်ရှိ
Jul 21,2021
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)မှ တစ် ဆင့် အောက်စီဂျင်အိုး ၃၀ လုံး ယနေ့ ထပ်မံရောက်ရှိလာကြောင်း သိရှိရသည်။