မုဒုံမြို့နယ်၌ အောက်ဆီဂျင်စက်ကို သြဂုတ်လကုန်ပိုင်းတွင် စတင်တပ်ဆင်မည်
Jul 27,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများနှင့် အခြားရောဂါလူနာများအတွက် အောက်ဆီဂျင်ပြတ်လပ်မှု အခက်အခဲမဖြစ်ပေါ်စေရန် ရည်ရွယ်၍ အောက်ဆီဂျင်စက်ရုံကို ဝင်းစိန်တောရကျောင်းဝင်းအတွင်းရှိ မြေနေရာ ပေ(၆၀×၈၀)၌ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။