မော်လမြိုင်ကျွန်း မြို့နယ်ကုတင် ၁၀၀ ဆေးရုံကြီးတွင် အသုံးပြုရန် 10 litre oxygen concentrator (၁၀) လုံးနှင့် dead body အိတ် အလုံး(၁၀၀)၊ အမှိုက်အိတ်အလုံး (၆၀၀) လှူဒါန်း

မော်လမြိုင်ကျွန်း၊ ဩဂုတ် ၈

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် ကုတင်(၁၀၀) ဆေးရုံကြီးရုံးခန်းမဆောင်တွင် ယနေ့နံနက် ၁၁ နာရီ အချိန်က ဆေးရုံကြီးတွင် အသုံးပြုရန်အတွက် 10 litre oxygen concentrator(၁၀)လုံးနှင့် dead body အိတ် အလုံး(၁၀၀)၊ အမှိုက်အိတ်အလုံး(၆၀၀)လှူဒါန်းပွဲကျင်း ပဆောင်ရွက်သည်။

အဆိုပါ 10 litre concentrator (၁၀)လုံးအတွက် အလှူရှင်များမှာ မြို့နယ်အောက်စီဂျင်စက်ရုံ တည်ဆောက်ရေးကော်မတီ ၅ လုံး၊ အလှူရှင် (ထိပ်တန်းဆန်စက်နှင့်ပွဲရုံ လုပ်ငန်း) ၂ လုံး၊ ဝါယုဒါနအောက်စီဂျင်ကူညီရေးအသင်း ၁ လုံး၊ ဦးသိန်းစိုးဦး၊ဒေါ်အေးအေးခိုင် (တိမ်တံခွန်ဆန်စက်) ၁ လုံး၊ ဦးဇော်နိုင်ထွေး၊ ဒေါ်ဌေးဌေး (ဧကရာဇ်ဆန်စက်) ၁ လုံး တို့ဖြစ်ကြောင်းသိရှိရသည်။

ဆက်လက်ပြီးdead body bag အလုံး ၁၀၀၊ အမှိုက်အိတ်အလုံး ၆၀၀ တို့အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်နှင့်အလှူ့ရှင်များမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစန်းဝင်းထံသို့ ပေးအပ်လှူဒါန်းကြောင်း သိရှိရသည်။

အောင်အောင်