ဟားခါးပြည်သူ့ဆေးရုံအတွက် တပ်မတော်မှလှူဒါန်းသည့် Oxygen Plant အား ဩဂုတ်လ ၁၄ ရက် သို့မဟုတ် ၁၅ ရက်မှစ၍ စတင်လည်ပတ်တော့မည်

 
ဟားခါး ဩဂုတ် ၁၄
 
ချင်းပြည်နယ်၊ ဟားခါးမြို့ပြည်သူ့ဆေးရုံအတွက် တပ်မတော်မှလှူဒါန်းသည့် Oxygen Plant အား ဩဂုတ်လ ၁၄ ရက် သို့မဟုတ် ၁၅ ရက်နေ့မှစ၍ စတင်လည်ပတ်တော့မည်ဖြစ်ကြောင်း သိရသည်။ Oxygen Plant ကို ဥက္ကာသီရိကုမ္ပဏီမှ တာဝန်ယူတပ်ဆင်ပေးခြင်းဖြစ်သည်။
အဆိုပါ Oxygen Plant နှင့် ဆက်စပ်ပစ္စည်းများကို ဩဂုတ်လ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့များတွင် ဟားခါးမြို့သို့ ရောက်ရှိလာခြင်းဖြစ်ပြီး Oxygen Plant တပ်ဆင်ပြီးစီးပါက တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး(၃၄) လုံး ဖြည့်ဆည်း ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)