ပင်လောင်း ဩဂုတ် ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့မှု ကြိုတင်ကာကွယ်ရန်အတွက် မင်္ဂလာကွက်သစ်ရပ်ကွက်ရှိ မြို့မစည်ပင် သာယာဈေးကြီးနှင့်ငါးရက်တစ်စျေး ရောင်းချသည့် ကျေးလက်စျေးများဖြစ်သော ပင်ခွန်စျေး၊ နောင်ဝိုးစျေး၊ ဆောင်းပြောင်းစျေး၊ထီယွန်းစျေးများအား ဩဂုတ်လ ၁၃ ရက်မှ ၃၀ ရက်နေ့အထိ ယာယီပိတ်သိမ်းထားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာန၏ ဩဂုတ်လ ၁၂ ရက် ရက်စွဲပါကြေငြာချက်အရ သိရှိရသည်။
ပင်လောင်းမြို့နယ်စည်ပင်သာယာရေး ဌာနပိုင် မြို့မဈေးနှင့် ကျေးလက်စျေးများသို့ ရပ်ဝေး ရပ်နီးမှ ဈေးသည်များ လာရောက်ရောင်းချခြင်း ၊ ဈေးလှည့်လည်ရောင်းချမှုများရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေးမဖြစ်ပေါ်စေရန် ရည်ရွယ်၍ ပင်လောင်းမြို့မဈေးနှင့် ကျေးလက်စျေးများအား (၁၈)ရက်တိတိ ယာယီ ပိတ်သိမ်း မည်ဖြစ်ကြောင်းသိရသည်။
ပင်လောင်းမြို့နယ်တွင် ဩဂုတ်လ ၁၃ရက်နေ့ အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၆၂၆ ဦးရှိပြီဖြစ်ကာ သေဆုံးသူ ၈ ဦးနှင့် ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ပြုသူ ၃၈၉ ဦးရှိပြီဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်