သတင်းများ

ကလိန်အောင်မြို့၌ အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ
May 22,2026
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ မိကျောင်းလှောင်ကျေးရွာ တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်းရုံးရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး ခန်းမ၌ ယနေ့နံနက် ၉ နာရီက ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် မီးပေါ့ဆမှုကြောင့် မီးလောင်မှုဖြစ်ပွား
May 22,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျိုက်ပိကျေးရွာအုပ်စု၊ အမှတ် (၄) ရပ်ကွက်၊ ကျိုက်ပိနယ်မြေမီးသတ်စခန်းအနီးရှိ ဦးဇော်မျိုး၏ (၈၀x၃၀) ပေ၊ RC (၁)ထပ် စက်သုံးဆီအရောင်းဆိုင်စ၍ မီးပလပ်ခုံ အပူလွန်ကဲ၍ အနီးရှိ (92) ဓာတ်ဆီပီပါသို့ မီးပွားကျကာ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး ယနေ့နံနက် (၇:၀၀) မိနစ်ခန့်က မီးစတင်လောင်ကျွမ်းခဲ့ရာ (92) ဓာတ်ဆီ (၂)ပီပါ၊ ဒီဒယ် (၁) ပီပါ၊ ပန့် (၂) လုံး၊ (၁၅)ပေ သွပ် (၁၀) ချပ် မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်၌ ငါးမွေးမြူရေးလုပ်ငန်း အသိပညာပေးဟောပြော၊ ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
May 22,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်၊ ပလိပ်ကျေးရွာအုပ်စု ဘူတာကျေးရွာ “အင်းလျား”အင်း၌ ယနေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမွေးမြူရေးလုပ်ငန်း အသိပညာပေးဟောပြောခြင်းနှင့် ပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်သည်။
ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အသိပညာပေး Talk Show ကျင်းပ
May 22,2026
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အသိပညာပေး Talk Show ကို ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကယားပြည်နယ်ဝန်ကြီးချုပ် အသက် ၂၅ နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်
May 22,2026
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ အားကစားအဆင့်အတန်းမြင့်မားစေရေး၊ မျိုးဆက်သစ်လူငယ်အားကစားသမားများနှင့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများပေါ်ထွက်လာစေရေးအတွက် ဒေသတွင်းအားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ်ကျင်းပပေးလျက်ရှိရာ ယနေ့နံနက်က လွိုင်ကော်မြို့ ပြည်နယ်အားကစားကွင်းဖူဆယ်အားကစားရုံ၌ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် ၂၅ နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်သည်။
မြဝတီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာငွေများဆက်လက်ထုတ်ပေးလျက်ရှိ
May 22,2026
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင် လစာငွေများကိုလစဥ်ပုံမှန်၂၁ရက်နေ့တွင်ထုတ်ပေးလျက်ရှိရာယနေ့တွင်လည်း ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းအပတ်စဉ်(၂)မှ တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ပြီးသော နိုင်ငံ့သားကောင်းများအား ဂုဏ်ပြု
May 22,2026
‎မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်၌ ပြည်သူ့စစ်မှုထမ်းအပတ်စဉ်(၂)မှ တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ပြီးသော နိုင်ငံ့သားကောင်းများအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ည‌နေပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
မြန်အောင်မြို့နယ်၊ ဆင်သေကျေးရွာအုပ်စုတွင် မိုးစပါးအထွက်နှုန်းတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ကြဲပက်ပွဲနှင့်မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကျင်းပ
May 22,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆင်သေကျေးရွာအုပ်စုတောင်သူ ဦး‌အောင်ဌေး၏ လယ်မြေကွင်းအမှတ် (၁၈၉)၊ ဦးပိုင်အမှတ် (၁၃၄) ရှိ လယ်မြေငါးဧကတွင် ယနေ့နံနက်က မိုးစပါးအထွက်နှုန်းတိုးတက်စေရန် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကြဲပက်ပွဲနှင့် မျိုးစေ့ပေးအပ်ပွဲ ကျင်းပပြုလုပ်သည်။