သရက်ချောင်းမြို့နယ်၌ ရာသီပေါ်ဒူးရင်းသီးများ ဈေးကောင်းရရှိ
May 22,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ဥယျာဉ်ခြံ လုပ်ကိုင်သူများသည် ယခုအချိန်တွင် ရာသီပေါ်ဒူးရင်းသီးပေါ်ထွက်ချိန်ကာလဖြစ်၍ ဒူးရင်းသီးများ ရောင်းချကြရာ ယခင်နှစ်ထက် ဈေးကောင်းရရှိသဖြင့် တောင်သူများ၏ မိသားစု စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ ဆင်ပြေလျက်ရှိကြောင်း ဥယျာဉ်ခြံလုပ်ကိုင်သူ တောင်သူ ဒေါ်တင်နုထံမှ သိရသည်။