သတင်းများ

လဟယ်မြို့တွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုန့်ပြန်ရေးကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ
Jun 25,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုအုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် မြို့နယ်ကိုဗစ်-၁၉ ရေးနှင့် အရေးပေါ်တုန့်ပြန့်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်‌နေ့ ညနေ ပိုင်းက လဟယ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
နမ့်စန်တွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ပေး
Jun 25,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် တောင်သူများအတွက် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ(လွိုင်လင်)မှ တာဝန်ရှိသူများ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေး အစီအမံများဆောင်ရွက်၍ ယမန်နေ့ နံနက်ပိုင်းမှစတင်၍ စနစ်တကျထုတ်ပေး လျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်၌ အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (TSDP)အရ အားကစားပြိုင်ပွဲများ ကျင်းပ
Jun 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၁ခုနှစ် ဒေးဒရဲမြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (TSDP)အရ ကျင်းပပြုလုပ်သော အားကစားပြိုင်ပွဲများကို ဇွန် ၂၃ ရက် နေ့ နံနက်ပိုင်းက စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
လှိုင်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် “မူးယစ်ဆေးဝါးအန္တရာယ်” အသိပညာပေး (Talk Show) ဆောင်ရွက်
Jun 25,2021
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Center) ခန်းမတွင် ဇွန်လ၂၆ ရက်နေ့၌ ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် "မူးယစ်ဆေးဝါးအန္တရာယ် အသိပညာ​ပေး “Talk Show” ကို ယမန်နေ့​ နေ့လယ် (၁)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မကွေးမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဆွေးနွေးပွဲကျင်းပ
Jun 25,2021
ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က မကွေးမြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ၊ ဖားကန့်သဘာဝဘေးဖြစ်စဉ်များနှင့် ပတ်သက်၍ ကြိုတင်စီမံဆောင်ရွက် နိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး
Jun 25,2021
ကချင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများ၊ ဖားကန့် ဒေသသဘာဝဘေးဖြစ်စဉ်များနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်‌ရေး၊ ကယ်ဆယ်‌ရေး လုပ်ငန်းများ နှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ကချင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန်လ ၂၃ရက် နံနက် ၁၀ နာရီတွင် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
မင်းဘူးမြို့တွင် RC ( ၂ ) ထပ် လ.ဝ.က ရုံး ဆောက်လုပ်ခြင်းလုပ်ငန်း ၇၀ ရာခိုင်နှုန်းပြီးစီး
Jun 25,2021
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် အမှတ် ( ၂ ) ရပ်ကွက်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်း ဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် လ.ဝ.က ရုံး RC ( ၂ ) ထပ် ဆောက်လုပ်ခြင်းလုပ်ငန်းသည် ယခုအခါ ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း တာဝန်ခံ အင်ဂျင်နီယာထံမှ သိရသည်။