သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ၊ ဖားကန့်သဘာဝဘေးဖြစ်စဉ်များနှင့် ပတ်သက်၍ ကြိုတင်စီမံဆောင်ရွက် နိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

မြစ်ကြီးနား     ဇွန် ၂၅

ကချင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများ၊ ဖားကန့် ဒေသသဘာဝဘေးဖြစ်စဉ်များနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်‌ရေး၊ ကယ်ဆယ်‌ရေး လုပ်ငန်းများ နှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ကချင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန်လ ၂၃ရက် နံနက် ၁၀ နာရီတွင် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မြန်မာနိုင်ငံနှင့် ကချင်ပြည်နယ် အတွင်း သဘာဝဘေးဖြစ်ပွားခဲ့မှုနှင့် ဖားကန့်ဒေသမြေပြိုမှု ဖြစ်စဉ်အခြေအနေများအပေါ် သဘာဝ ဘေးအန္တရာယ်အရေးပေါ်တုံ့ပြန်နိုင်ရေး ဆောင်ရွက်ခဲ့မှုအခြေအနေများကို  ရှင်းလင်းပြောကြားပြီး ကချင်ပြည်နယ်အတွင်း ဖြစ်ပွားသော ပြင်းထန်သည့် ရာသီဥတုအခြေအနေ များအပါအဝင် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ ဆန်းစစ်ချက်များကို အခြေခံ၍ ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ ချရေးလုပ်ငန်းစဉ်များကို အများပြည်သူ သိရှိအောင်ဆောင်ရွက်ရေး၊ ဘေးအန္တရာယ်ကြောင့် ထိခိုက် ဆုံးရှုံးနိုင်ခြေများအား လျော့ချနိုင်ရန်နှင့်စီမံခန့်ခွဲနိုင်ရန်အတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံချက်များ ကိုရေးဆွဲပြီး ညှိနှိုင်းပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်သွားရေး၊ တုံ့ပြန်ဆောင်ရွက်ရေး၊ ပြန်လည်ထူထောင်ရေး တို့ကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ယင်းနောက်တွဲဖက်အတွင်းရေးမှူး၊ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး‌ ဒေါ်လှကေသီမာက ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့်ထိ ခိုက်ဆုံးရှုံးမှုများအပေါ် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ‌ ဆောင်ရွက်ခဲ့မှုနှင့်အသိပညာပေးခြင်းလုပ်ငန်းများ၊ ခရိုင်အလိုက်ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေးပစ္စည်းများ စုဆောင်းထားရှိမှု အခြေအနေများကိုလည်းကောင်း ဖားကန့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်က မြို့နယ်အတွင်း မြေပြိုမှု၊ ရေကြီးမှုစသည့် သဘာဝဘေးဖြစ်စဉ်များကြောင့် ထိခိုက်ဆုံးရှုံးခဲ့မှု အခြေအနေများ၊ အန္တရာယ်ရှိသည့်နေရာများကို ကြိုတင်ကာကွယ်နိုင်ရေး အတွက် ကွင်းဆင်းစစ်ဆေး ရေးအဖွဲ့များ ဖွဲ့စည်းပြီး စီမံဆောင်ရွက်နေမှုများကို ပါဝါပွိုင့်ဖြင့်လည်း ကောင်းရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်နယ်ကောင်စီအဖွဲ့ဝင်များနှင့် တက်ရောက်လာသူများက ကချင်ပြည်နယ်နှင့် ဖားကန့်ဒေသတို့တွင် ရာသီဥတုအခြေအနေအပေါ် မူတည်၍ ဖြစ်ပွားတတ်သည့် ရေကြီးခြင်း၊ မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုများနှင့် စပ်လျဉ်း၍ ကြိုတင်ကာကွယ်ရေး၊ ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးတို့အတွက် လုပ်ငန်းစီမံချက်များ ရေးဆွဲဆောင်ရွက် ထားရှိမှုနှင့် ကြိုတင်ကာကွယ်ရေး စီမံဆောင်ရွက်ထားရှိမှုများကို ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ ကြသည်။

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကြိုတင်ကာကွယ် ရေးအတွက် ရိက္ခာစုဆောင်းထားရှိရေး၊ ကယ်ဆယ်ရေးသုံးပစ္စည်းများ အလုံအလောက် စုဆောင်း ထားရှိရေး၊ ယခုနှစ်အတွက် ဘေးအန္တရာယ်ဖြစ်ပွားနိုင်ခြေရှိသည့် နေရာဒေသများတွင် ကြိုတင် ပြင်ဆင် စုဖွဲ့ဆောင်ရွက်ထားကြရေးနှင့် နောက်ဆက်တွဲလုပ်ငန်းများအတွက်ကိုလည်း အလျင်အ မြန်ဆောင်ရွက်ပေးနိုင်ရေး၊ ဖားကန့်ဒေသ မြေပြိုမှုဖြစ်စဉ်များလျော့ချနိုင်ရေးအတွက် ကြိုတင်ပြင် ဆင်အသိပညာပေးခြင်းနှင့် အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ကျင်းပရေး၊ ဥရုချောင်းရေကြီးမှုအတွက် ချောင်းရှင်းလင်းရေးလုပ်ငန်းများ စနစ်တကျဖြစ်စေရေးတို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ခဲ့သည်။

ကချင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ (၁၀)နှစ်တာကာလအတွင်း မှတ် တမ်းများအရ သဘာဝနှင့် လူ့ပယောဂကြောင့် ဘေးဖြစ်ပွားမှုအကြိမ်ပေါင်း ၇၅၀ ကျော်ရှိခဲ့ရာ တစ်နှစ်လျှင် ပျမ်းမျှ ၇၀ ကျော်ခန့်ရှိပြီး သဘာဝဘေးဖြစ်ပွားမှုများကို ဆန်းစစ်ချက်အရ အဖြစ်အ များဆုံးမှာ မီးဘေး၊ ထိခိုက်မှုအများဆုံးဘေးမှာ ရေလွှမ်းမိုးခြင်းဘေး၊ ဆုံးရှုံးမှုအများဆုံးမှာ လေ ဘေးနှင့် သေဆုံးမှုအများဆုံးမှာ မြေစာပြိုဘေးတို့ဖြစ်ကြောင်း သိရှိရသည်။

ထို့နောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအပြီးတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဇွန် ၂၃ ရက်နေ့ ညပိုင်းတွင် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာရှိ ဗလမင်း ထင်ပူးပေါင်းစစ်ဆေးရေးဂိတ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဂိတ်တာဝန်ကျ တပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများကို အားပေးစကားပြောကြားကာက ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက လုံခြုံ ရေးတပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေကျပ် ၄ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

ပြည်နယ်ပြန်/ဆက်