သတင်းများ

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 25,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၌ ၂၀၂၁ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် (၉)နာရီ အချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဌာနဆိုင်ရာများ နှင့် ရပ်ကွက်နေ ပြည်သူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သာယာဝတီခရိုင် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်
Jun 25,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများ စာဖတ်သည့် အလေ့အထများ ရရှိစေရန် နှင့် လုပ်ငန်းခွင်အတွင်း ကျွမ်းကျင်မှုရှိစေရေး လုပ်ငန်း စွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်ပြီး ဝန်ထမ်းများ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ်ပိုင်းက လူထုအခြေပြု ဗဟိုဌာန (Community Center) ခန်းမတွင် ကျင်းပပြုလုပ်သည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကျင်းပ
Jun 25,2021
 လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှ သဘာဝရေပြင်အတွင်း ငါးမျိုး စိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က မော်လမြိုင်ကျွန်းမြို့နယ် မြို့ဦးစေတီဘုရားဝန်းရှိ  မြစ်ဆိပ်၌ ကျင်းပဆောင်ရွက်ခဲ့သည်။
လိပ်သိုမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င် ရောင်း၀ယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 25,2021
ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် များကို ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၀န်ထမ်းများက ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် ပြည်သူများအား ဖြန့်ဝေပေးခဲ့သည်။
ရွှေမြင့်မိုရ်တရားရိပ်သာ Quarantine Centre ၌ ပိုးတွေ့လူနာများနှင့် ထိတွေ့ခဲ့သည်သူများ စနစ်တကျ ထားနိုင်ရန် အခန်းကာရံခြင်းပြုလုပ်
Jun 25,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွား မှုနှုန်းမြင့်တက်လာသည့် အတွက် အမှတ်(၅) ရပ်ကွက်၊ ရွှေမြင့်မိုရ်တရား ရိပ်သာ Quarantine Centre ၌ ပိုးတွေ့လူနာများနှင့် ထိတွေ့ခဲ့သူများအား စနစ်တကျ ထားရှိနိုင်ရန် အခန်းကာရံခြင်းလုပ်ငန်းကို ယမန်နေ့က ပရဟိတ အသင်းဖွဲ့များ စုပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သဘာဝပတ်ဝန်းကျင် စိမ်းလမ်းစိုပြေရေးအတွက် သစ်တောဦးစီးဌာနနှင့် ကျေးရွာလူထု စုပေါင်း၍ သစ်ပင်များ စိုက်ပျိုး
Jun 25,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့အတွင်းရှိ မြိုင်ကြီးငူဆရာတော်ကြီး၏ ဇာတိမွေးရပ်မြေဖြစ်သော နို့ထကျေးရွာ၌ ယနေ့နံနက် ၈နာရီက သဘာဝပတ်ဝန်းကျင် စိမ်းလမ်းစိုပြေစေရေးနှင့် ရာသီဥတု ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် ရည်ရွယ်၍ ကျေးရွာနေပြည်သူလူထုနှင့် သစ်တော ဦးစီးဌာနတို့ ပူးပေါင်း၍ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းဝင်း၊ ဘုရားနယ်မြေအဖြစ် သတ်မှတ်ထားသောနေရာများ၊ ဥယျာဉ်ခြံနှင့် တောင်ယာခြံများ၌ သစ်ပင်စုစုပေါင်း ( ၃၂၀၀) ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်ဖြန့်ဝေ
Jun 25,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော ''သတင်းစကား'' လက်ကမ်းစာစောင်အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းထွန်းကျော်နှင့် ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းတွင် ကျောင်းသား ကျောင်းသူများ၊ မြို့နယ်စည်ပင်သာယာစျေးနှင့် အမှတ်(၄)ရပ်ကွက်ရုံးရှေ့ ဗိုလ်ချုပ်လမ်းတို့၌ ပြည်သူများ အား ဖြန့်ဝေပေးခဲ့သည်။
ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးနှင့် ဘက်ထရီရှော့တိုက်ငါးဖမ်းဆီးမှု ပပျောက်စေရေးပညာပေး ကင်းလှည့်စစ်ဆေး
Jun 25,2021
ဧရာဝတီမြစ်အတွင်း၌ ရေသယံဇာတထိန်းသိမ်းရေး အသိပညာပေးခြင်းနည်းလမ်း၊ ဧရာဝတီ လင်းပိုင် များ သေကြေဆုံးရှုံးမှု ပေါ်ပေါက်စေနိုင်သော တားမြစ်ထားသည့်နည်းစနစ်များဖြင့် ငါးဖမ်းဆီးမှုများ အား တားဆီးကာကွယ်ခြင်းနည်းလမ်းတို့ဖြင့် ဧရာဝတီလင်းပိုင်များကို ဆက်လက်ထိန်းသိမ်း ကာကွယ် စောင့်ရှောက်မှုပေးသွားရန်ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ယမန်နေ့၊ နံနက်(၈)နာရီမှစတင်၍ ကသာမြို့မှ ထီးချိုင့်မြို့အထိ ဧရာဝတီမြစ်အတွင်း ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးနှင့် ဘက်ထရီရှော့တိုက်ငါးဖမ်းဆီးမှု ပပျောက်စေရေးပညာပေး ကင်းလှည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။