မင်းဘူးမြို့တွင် RC ( ၂ ) ထပ် လ.ဝ.က ရုံး ဆောက်လုပ်ခြင်းလုပ်ငန်း ၇၀ ရာခိုင်နှုန်းပြီးစီး

မင်းဘူး ဇွန်  ၂၅

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် အမှတ် ( ၂ ) ရပ်ကွက်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်း ဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် လ.ဝ.က ရုံး RC ( ၂ ) ထပ် ဆောက်လုပ်ခြင်းလုပ်ငန်းသည် ယခုအခါ ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း တာဝန်ခံ အင်ဂျင်နီယာထံမှ သိရသည်။

ထိုသို့ တည်ဆောက်လျက်ရှိသော လ.ဝ.က ရုံးမှာ အလျား ၆၀ ပေ၊ အနံ ၂၈ ပေနှင့် အမြင့် ၂၇ ပေ ၆ လက်မဖြစ်ပြီး တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် ၇၉၆၃၃၀၀၀  သိန်းဖြင့် တင်ဒါအောင် Mabel Co,Ltd မှ တာဝန်ယူ ဆောက်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မင်းဘူးမြို့ လ.ဝ.က ရုံးတည်ဆောက်ခြင်းအား စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ရက်အတွင်း ပြီးစီး ရေးကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ အရည်အသွေးစစ် ကော်မတီနှင့် တာဝန်ရှိသူများက ကြီးကြပ် ဆောက်ရွက် ဆောက်လုပ်လျက်ရှိကြောင်း Mabel Co,Ltd  အင်ဂျင်နီယာချုပ် ဦးတင်ထွန်းထံမှ သိရသည်။

ဇေယျာထက် (မင်းဘူး)