သတင်းများ

ကောလင်းမြို့နယ်၌ မျိုးစေ့ထုတ်စိုက်ခင်းများအတွက် မြေပဲ၊ နှမ်း၊ ပဲတီစိမ်း မျိုးစေ့များ ပေးအပ်ခြင်းအခမ်းအနား ကျင်းပ
Jun 25,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်၌ မျိုးစေ့ထုတ်စိုက်ခင်းများအတွက် မြေပဲ၊ နှမ်း၊ ပဲတီစိမ်း မျိုးစေ့များ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွှဲ ၂နာရီအချိန်က ကောလင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေ
Jun 25,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ပြည်သူများ မူးယစ်​ဆေးဝါးအန္တရာယ်နှင့် ပတ်သက်သော အသိပညာ ဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်​စေရေးအတွက် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံး မှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ပြည်သူများထံသို့ သွားရောက်ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ရေးမြို့၌ နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုရေးအတွက် အခမဲ့ဖြန့်ဝေခြင်းMask Campaign​ ဆောင်ရွက်
Jun 25,2021
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပွားစေရေးအတွက် ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ပိုင်းက ရေးမြို့ ရန်ကြီးအောင်ရပ်ကွက်ရှိ ရွှေဆံတော်ဘုရားလမ်းဆုံနှင့် အောင်မင်္ဂလာရပ်ကွက် အောင်သီတာဈေး (ရွာကလေးဈေး) အတွင်း/အပြင်များတွင် သွားလာနေသော ပြည်သူများနှင့် ဈေးဝယ်လာသူများအား နှာခေါင်းစည်း တပ်ဆင်အသုံးပြုရေးအတွက် အခမဲ့ဖြန့်ဝေခြင်း Mask Campaign ဆောင်ရွက်ကြောင်း သိရသည်။
ကျောက်ဆည်မြို့နှင့်တံတားဦးမြို့ ဆက်သွယ်ထားသည့် ကတ္တရာလမ်း ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများဆောင်ရွက်
Jun 25,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နှင့် တံတားဦးမြို့တို့အား ဆက်သွယ်ထားသည့် ကတ္တရာလမ်းအား ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင် မြို့နယ်လမ်းဦးစီးဌာနနှင့် ကုဋေထိုက်ကုမ္ပဏီ၊ Rise Up ကုမ္ပဏီတို့မှ အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
လူသုံးကုန်ထုတ်လုပ်မှု သင်တန်းဆင်းပွဲကျင်းပ
Jun 25,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် လူသုံးကုန်ထုတ်လုပ်မှု သင်တန်းဆင်းပွဲအခမ်းအနားကို အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်း က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
လားရှိုးမြို့ လူထုအခြေပြုဗဟိုခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jun 25,2021
လားရှိုးမြို့ လူထုအခြေပြုဗဟိုခန်းမ(Community Centre)တွင် ဝန်းထမ်းများ စာပေဗဟုသုတ တိုးပွားစေရန်နှင့် စာဖတ်သည့်အလေ့အထကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ(၂)နာရီက စာရေးဆရာကျော်လွင်(စက်မှု)ရေးသားသည့် တောအရိပ်တောင်အရိပ် အောက်ကစေတနာပုံရိပ်နှင့်အခြားဝတ္တုတိုများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကိုကျင်းပခဲ့သည်။
တမူးမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ
Jun 25,2021
စစ်ကိုင်းတိုင်းဒေသ​​ကြီး၊တမူးမြို့တွင် ၂၀၂၁ ခုနှစ် ဇွန်လ(၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက်(၉)နာရီက ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
သဲကုန်းမြို့နယ်အတွင်း ရောင်းချလျက်ရှိသော စားသောက်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်ချက်များနှင့် ရောင်းချနိုင် ရေး စစ်ဆေးဆောင်ရွက်
Jun 25,2021
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်အတွင်း ရောင်းချနေသော စားသောက်ဆိုင်များအား ကိုဗစ်-၁၉ ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ ရောင်း​ချခြင်းရှိ/မရှိ စစ်​ဆေးခြင်းကို ယမန်နေ့က ဒုတိယ​မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းဦး၊ အမှု​ဆောင်အရာရှိ ဦးအေးကျော်နှင့် တာဝန်ရှိသူများမှ ကွင်းဆင်း​ကြည့်ရှု စစ်​ဆေးခဲ့ကြောင်း သိရသည်။